(နိုင်ငံတကာ) နိုဝင်ဘာ ၁၀
ဒိုဟာမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ဟားမတ်စ်တို့ရဲ့ သံတမန်ရေးရာရုံးခန်းကို ပိတ်သိမ်းပစ်ဖို့အတွက် ကာတာတာဝန်ရှိသူတွေကို အမေရိကန်ဘက်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဘိုင်ဒင်အစိုးရအရာရှိတချို့က ဖွင့်ဟခဲ့တာလည်းဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးဓါးစာခံတွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုမှုကို ဟားမတ်စ်တို့က ငြင်းဆန်ခဲ့ပြီးနောက်မှာ အမေရိကန်က ဒီလိုမျိုးလုပ်ဆောင်ဖို့အတွက်ပြောဆိုခဲ့တာပါ။
ကာတာဘကက်လည်း အဆိုပါပြောဆိုမှုအပေါ် သဘောတူညီခဲ့တယ်လို့ သိရပြီး ဘယ်အချိန်မှာ ဟားမတ်စ်တို့ရဲ့ ရုံးခန်းကို ပိတ်သိမ်းမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
Telegram»…
https://t.me/positiveanglenews