ရုရှားပိုင်ဆိုင်ငွေ ဒေါ်လာ ၃၀၀ ဘီလျံကို ပေးအပ်ဖို့ ဇီလင်စကီးက တောင်းဆို


(နိုင်ငံတကာ) နိုဝင်ဘာ ၉

ဘူဒါပတ်စ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းသမ္မတဇီလင်စကီးက အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့ ရုရှားပိုင်ဆိုင်ငွေ ဒေါ်လာ ၃၀၀ ဘီလျံကို ယူကရိန်းဆီ ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

“လူတိုင်းက ပြောနေကြတယ်၊ ထရမ့်က မင်းတို့ကို ငွေကြေးမထောက်ပံ့ရင် ဘာလုပ်မလဲတဲ့၊ လက်နက်တွေ ဘယ်ကရနိုင်မလဲတဲ့၊ ကျနော်‌ဖြေပါရစေ၊ ဒေါ်လာဘီလီယံ ၃၀၀ လောက်ရှိနေတာကို ကျနော်တို့ ယူလို့ရမလား” လို့ ဇီလင်စကီးက ပြောဆိုခဲ့တာပါ။

ထရမ့်ဟာ ယူကရိန်းကို ထောက်ပံ့မှုလုပ်ဆောင်ဖို့ရာ အလားအလာနည်းပါးနေပြီး ဒါဟာ ရုရှားနဲ့ အကြီး အကျယ်တိုက်ခိုက်နေရတဲ့ ကိယက်ဗ်အတွက် စိတ်ပူ စရာဖြစ်နေတာပါ။

ဒါကြောင့်မို့ ဇီလင်စကီးက ရုရှားပိုင်ဆိုင်ငွေတွေကို အသည်းအသန်တောင်းဆိုမှုတွေ စတင်ခဲ့တာလို့သုံးသပ်နေကြကြောင်း RT သတင်းမှာ ဖေါ်ပြထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN