ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးဘေးရှိ “PUMA POWER” ဆီဆိုင်မှ မန်နေဂျာဖြစ်သူကို အကြမ်းဖက်သမားများမှ ဖမ်းဆီးခေါ်ဆောင်


(ပြည်တွင်း) နိုဝင်ဘာ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအပိုင်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးဘေးရှိ “PUMA POWER” ဆီဆိုင်သို့ ယမန်နေ့ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က အကြမ်းဖက်သမား(စိစစ်ဆဲ)အမျိုးသား ၄ ဦးခန့်ရောက်ရှိလာပြီး ဆိုင်မန်နေဂျာဖြစ်သူကို ဖမ်ဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်သမားများသည် ယာဉ်နံပတ်(မမှတ်မိ)အိမ်စီးကား probox(အမဲရောင်)ယာဉ်ဖြင့် ကျိုက္ကော်ဘက်မှ ရောက်ရှိလာခဲ့ပြီး အဆိုပါယာဉ်ပေါ်မှ သေနက် အရှည်ကိုင်ဆောင်ထားသူ အသက် ၃၀ နှစ်ခန့် ၊ ခန္ဓာကိုယ်ပိန်၊ မျက်နှာသွယ်ပါးချိုင့်ပါ၊ စပို့ရှပ်အင်္ကျီအနီရောင်၊ ဘောင်းဘီတို ဝတ်ထားသူနှင့် အသက် ၃၅ နှစ်ခန့်၊ ခန္ဓာကိုယ့်သင့်၊ အသားညို၊ မျက်နှာဝိုင်း၊ စပိုရှပ်အင်္ကျီအနက်ရောင်လက်တို၊ ဘောင်ဘီတို အသားရောင်ဝတ်ဆင်ထားသူတို့ ၂ ဦးမှာ ယာဉ်ပေါ်မှဆင်းလာပြီး ဆိုင်ဝန်ထမ်း များဖြစ်သူ ဟန်ထူးစျာန်၊ ၁၈ နှစ် နှင့် အောင်မြင့်သန်း ၁၈ နှစ်၊ သထုံမြို့နေသူတို့ ၂ ဦးအား ဆိုင်၏အနောက်ဘက်သို့ “ခဏလိုက်ခဲ့ စစ်ဆေးစရာရှိလို့လာတာ နောက်မှာပဲနေ မိုင်းကွဲသံကြားရင် ထွက်လာခဲ့ဟုပြောပြီး” ၎င်းတို့၏လက်အား ကြိုးနှင့် ချည်နှောင်ပြီး ပါးစပ်အား အဖြူရောင် တိပ်အကြည်စဖြင့် ရစ်ပတ်ချုပ်နှောင် ထားခဲ့ကြောင်း သိရသည်။

၎င်းနောက် ဆီဆိုင်မန်နေဂျာ၏ ရုံးခန်းအတွင်းသို့ သေနတ်အတို ကိုင်ဆောင်သူ အမျိုးသား အသက် ၆၀ နှစ်ခန့် ၊ ခန္ဓာကိုယ်ဝ၊ ဆံပင် ဖြူ/တို၊ အက်ျီအဖြူရောင်၊ ပုဆိုးဝတ်ဆင်ထားသူမှ မန်နေဂျာရုံးခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး မန်နေဂျာရုံးခန်းအတွင်းမှ Acer တံဆိပ်ပါ လတ်တော့ ၁ လုံးနှင့် အံဆွဲအတွင်းရှိ ဆီရောင်းချ ရရှိသည့် ငွေ ၆ သိန်းကျပ်ခန့်ကို ယူဆောင်၍ ဆိုင်မန်နေဂျာဖြစ်သူ ဒေါ်သိမ့်သူဇာ၊ ၃၈ နှစ်၊ နောင်ကုလားရွာကြီးကျေးရွာ၊ သထုံမြို့နေသူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းအကြမ်းသမားတို့ မောင်းနှင်လာသောယာဉ်ဖြင့် ကျိုက္ကော်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း နယ်မြေခံထံမှ သိရသည်။

နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန်နေဂျာရုံးခန်းအတွင်းမှ အသံမိုင်းပေါက်ခွဲသွားခဲ့ကြောင်းသိရှိရပြီး နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်မျာမှ အဆိုပါ သောင်းကြမ်းသူများ အား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN