(နိုင်ငံတကာ) နိုဝင်ဘာ ၉
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ပါက အမေရိကန်-တောင်ကိုရီးယား မဟာမိတ်အဖွဲ့က လက်ဦးမှုယူ၍ မြောက်ကိုရီးယားကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတယွန်ဆက်ယိုက အင်တာဗျူးတစ်ခုတွင်ပြောသည်။
“မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဒါက သိပ်တော့ယုတ္တိမရှိပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ အဲဒီလိုလုပ်လာရင်လည်း ကျွန်တော်တို့က မြောက်ကိုရီးယားကို အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေနဲ့ ချက်ချင်းတိုက်ခိုက်သွားမှာပါ” ဟု ယွန်ဆက်ယိုက အမေရိကန်မဂ္ဂဇင်းတစ် စောင်ဖြစ်သည့် Newsweek နှင့် အင်တာဗျူးတွင်ပြောထားသည်။
ထို့ပြင် တောင်ကိုရီးယားနိုင်ငံကလည်း ကိုယ်ပိုင်ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး စွမ်းရည်များကို တိုးမြှင့်လျက်ရှိကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်း ခြောက်မှုများကို အမေရိကန်နှင့်သဘောတူထားသည့် နျူကလီးယား အတိုင်ပင်ခံ အဖွဲ့မှတစ်ဆင့် တုံ့ပြန်မည်ဖြစ်ကြောင်း ယွန်ဆက်ယိုက ပြောထားသည်။
မြောက်ကိုရီးယားက ပြီးခဲ့သည့်သီတင်း ပတ်တွင် စွမ်းဆောင်ရည်မြင့် တိုက်ချင်းပစ် ဒုံးကျည်အသစ် တစ်မျိုးကို စမ်းသပ်ထား ပြီး တောင်ကိုရီးယားနိုင်ငံက ယင်းစမ်းသပ် မှုကိုတုံ့ပြန်သည့် အနေဖြင့် နိုဝင်ဘာလ ၇ ရက်တွင် Hyunmoo-II အမြင့်ပျံဒုံးကျည် တစ်စင်းကို ပင်လယ်ဝါအတွင်းရှိ သဏ္ဌာန် တူပစ်မှတ်ဆီ ပစ်လွှတ်လိုက်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews