န်လိုင်းပေါ်မှ ပွဲဆူအချင်းများမှုတွေမှာပါဝင်သူတစ်ဦးဖြစ်သည့် ငါးမင်း​ဆွေ ဖမ်းဆီးခံရ

(မှုခင်း) နိုင်ဝင်ဘာ ၉

ပြီးခဲ့သည့်လအတွင်း အွန်းလိုင်းပေါ်တွင်အချင်းများကြမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ငါးမင်းဆွေ အား ယနေ့မနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ လှိုင်မြင့်မိုရ်အိမ်ယာမှာနေထိုင်တဲ့ ဦးမင်းဆွေ(ခေါ်) ငါးမင်းဆွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငါးမင်းဆွေအမည် Facebook Account ဖြင့် “ချစ်လှစွာသော မြန်မာများအေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ” “စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထပ်အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး” “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့” “ကိုရည်မွန်က တစ်ဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်” “အစ်ကိုလှိုင်က တစ်ရုတ်က ပြန်လာ ရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူဆမိပါတယ်” စသဖြင့် နိုင်ငံတော်အကြီးအကဲ၏ မှတ်တမ်းဓါတ်ပုံတွင် ၎င်း၏မျက်နှာအား Photoshot ဖြင့်ပြောင်းလဲထားရှိသည့် မှတ်တမ်းပုံများ၊ Photoshot ဖြင့်လှောင်ပြောင်ထားသည့် ဓါတ်ပုံများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ဓာတ်ပုံများနှင့်အတူ လွှင့်တင်ခြင်း၊ရေးသားမှုများပြုလုပ်ခြင်း များပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် (ပ)၂၇၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -က အမှုဖြင့်အရေးယူအမှုဖွင့်လှစ်ထားသော အမှတ်(၂၇)ဗိုလ်ချုပ်လမ်း၊ ဖက္ကလိပ် ကျေးရွာ၊ ကျိုက်ထိုမြို့နယ်တွင်နေထိုင်သည့် ဆားလုပ်ငန်းလုပ်ကိုင်သူ ငါးမင်းဆွေ(ခ)ဦးမင်းဆွေ(၆၇)နှစ်(ဘ)ဦးထွန်းငြိမ်းအား ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

#PAN