(ပြည်တွင်း)နိုဝင်ဘာ ၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် ယနေ့ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီ စီပယ်ပါတီကော်မတီ အတွင်းရေးမှူး က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက် ကြသည်။
ထိုနောက် တွေ့ဆုံဆွေးနွေးရာ၌ ချုံချင့်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချက်အခြာကျသည့်နေရာတွင်တည်ရှိပြီး ခေတ်အဆက်ဆက်ပြောင်းလဲတိုးတက်လာ မှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ချုံချင့်မြို့သို့ ခရီးစဉ်လာရောက်မှုသည် မြန်မာ-ချုံချင့် စီးပွားရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှု၏ လမ်းစတစ်ခုဖြစ်သည့်အခြေအနေများနှင့် ချုံချင့်မြို့နယ်အနေဖြင့် ၎င်းတို့၏ နည်းပညာအားသာချက်များ၊ လမ်းပန်းဆက်သွယ်မှုအချက်အခြာကျသည့် အား သာချက်များအပေါ်တွင်မူတည်၍ မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ မြန်မာ နိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ ပညာရေးကဏ္ဍနှင့် ခရီးသွား ကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါ လာကြသည့်အရာရှိကြီးများနှင့်တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ် ကြီးတို့တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့် မြူနီစီပယ် ပါတီ ကော်မတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီ စီပယ်ပါတီကော်မတီ အတွင်းရေးမှူးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ် ဆက်ကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ အဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး မှ တည်ခင်းဧည့်ခံသည့် ညစာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တက္ကသိုလ်များသို့ ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#PAN