Apple ကို Nvidia က ကျော်တက်ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာ


(နိုင်ငံတကာ) နိုဝင်ဘာ ၈

Apple ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ နေရာကနေ နန်းချခံလိုက်ရတယ်လို့ ဆိုပါတယ်။ Apple ကို နန်းချလိုက်တာက Graphics Processing Units or GPUs တွေ ရောင်းချနေတဲ့ Nvidia ဖြစ်ပဲဖြစ်ပါတယ်။ Nvidia ဟာ Apple ကို နန်းချလိုက်တာ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Nvidia ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃.၄၃ ထရီလီယမ် တန်ကြေး ရှိလာပါတယ်။ Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃.၄ ထရီလီယမ် လာဖြစ်ပါတယ်။ Microsoft က ဒေါ်လာ ၃.၁ ထရီလီယမ်နဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။

Nvidia ဟာ OpenAI ရဲ့ ChatGPT လို AI Software တွေကို မောင်းနှင်ပေးတဲ့ GPU တွေကို အဓိက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ၂၀၂၄ ခုနှစ်မှာ ၃ ဆ နီးပါး တက်လာခဲ့ပါတယ်။

ကုမ္ပဏီရဲ့ စတော့ တန်ဖိုးဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ၂,၇၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး ဝင်ငွေဟာ ပြီးခဲ့တဲ့ ကွာတား ၅ ခုအတွင်း ၂ ဆကျော် မြင့်မားခဲ့ပါတယ်။

Ref : theverge

Telegram»…
https://t.me/positiveanglenews

PAN