ယူရိုပါလိဂ်မှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တဲ့ မန်ယူအသင်း


(အားကစား) နိုဝင်ဘာ ၈

နိုဝင်ဘာလ ၇ ရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အိမ်ရှင်မန်ယူအသင်းက PAOK အသင်းကို နှစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို လူငယ်ကစားသမား အာမတ် ဒီယာလို တစ်ဦးတည်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အခုနိုင်ပွဲဟာ နည်းပြ တန်ဟတ် ထွက်ခွာပြီးနောက် ယာယီနည်းပြ နစ္စတယ်ရွိင်း လက်ထက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်လာခဲ့သလို ယခုနှစ် ယူရိုပါလိဂ်ရဲ့ ပထမဆုံးနိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ်ပြိုင်မှာ ၄ ပွဲကစား၊ ၃ ပွဲသရေ၊ နိုင်ပွဲတစ်ပွဲသာ ရရှိထားခဲ့တာကြောင့် ယူရိုပါလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN