မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ်ပွား


(ပြည်တွင်း) နိုဝင်ဘာ ၈

oplus_0

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့မှာ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းအချိန်မှစတင်ပြီး ရေကြီးရေလျှံ ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးကနေ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် မောက်မယ်မြို့ အနိမ့်ပိုင်ရပ်ကွက်များဖြစ်တဲ့ ကွန်ကိုင်းရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ မွှေတော်ရပ်ကွက်တို့မှာ ရေဝင်ရောက်ခဲ့ပြီး ယင်းရပ်ကွက်နေ ဒေသခံအချို နီးစပ်ရာအမြင့်ပိုင်း ရပ်ကွက်များသို့ ပြောင်းရွှေ့နေကြရပါတယ်။

အဆိုပါနံနက်အစောပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နမ့်ယွန်းချောင်းရေလည်း မြင့်တက် လာကာ မိုးဆက်လက်ရွာသွန်းပါက ရေကြီးရေလျှံထပ်မံဖြစ်ပွား လာမည်ကို ဒေသခံများစိုးရိမ်လျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာလည်း မောက်မယ်မြို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ‌ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား နှင့် လယ်ယာ များစွာပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN