နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်ကျောက်စိမ်းအတွဲများ ရောင်းချပေးမည်


(ပြည်တွင်း) နိုဝင်ဘာ ၈

၂ဝ၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ၊ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပမှာဖြစ်ပြီး အဆိုပါပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၈ဝ၊ ကျောက်မျက်အတွဲပေါင်း ၁၆ဝ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၈ဝဝ ကိုလည်း အုပ်စု(A)၊ (B)၊ (C) သုံးခုခွဲကာ ရက်အလိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံခြားသားကျောက်မျက် ကုန်သည်များသာမက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် မြန်မာနိုင်ငံသား ကျောက်မျက် ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူပြီး ကျောက်မျက် ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကိုလည်း သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN