အင်းစိန်မြို့နယ် ဟိုရ်လမ်းမတွင် လမ်းဖြတ်ကူးသည့်အမျိုးသားတစ်ဦးအား Hijet အဖြူရောင်ယာဥ်မှ တိုက်မိသဖြင့် ပြင်းထန်ဒဏ်ရာများရရှိခဲ့


(မှုခင်း)နိုဝင်ဘာ ၇

အင်းစိန်မြို့နယ်၊ စျေးကုန်းအရှေ့ရပ်ကွက်၊ ဗဟိုရ်လမ်းမတွင် လမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦးအား Hijet အဖြူရောင်ယာဥ်ဖြင့်တိုက်မိသဖြင့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီအချိန်ခန့်က အင်းစိန်မြို့နယ်၊ မီးရထားစက်ခေါင်းရုံဘက်အခြမ်းမှ ကားလမ်းတစ်ဘက်သို့ လမ်းဖြတ်ကူးသူအား အမှတ် ၇၄၄ ပြည်တော်သာပတ်လမ်း၊ (၁၂) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေထိုင်သူ (စွဲငြိထမင်းဆိုင်ပိုင်ရှင်) ယာဥ်မောင်း ကိုကျော်ထူး၊ (ဘ)ဦးစိုးမင်း မောင်းနှင်သော Hijet အဖြူရောင် ယာဉ်ဖြင့်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် အမည်မသိအမျိုးသားတွင် ဦးခေါင်းနှင့် မျက်နှာတို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သောကြောင့် တွဲလက်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ်ဖြင့် အင်းစိန်မြို့နယ် ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN