မြို့လှရွာတွင် အပြစ်မဲ့ပြည်သူ ၃ ဦးကို PDF အကြမ်းဖက်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) နိုဝင်ဘာ ၇

ယနေ့ နံနက်ပိုင်းတွင် မန္တ‌လေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ မြို့လှကျေးရွာတွင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးကို အကြမ်း PDF အဖွဲ့မှ ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်သွားကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး သေဆုံးသူများမှာ ဦးစိုးမင်းနှင့် ဦးကျော်ကျော်ဟန် တို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၁ ဦးမှာ ဦးနေအောင်ဆိုသူဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံး ပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်း များပြုလုပ်လျက်ရှိပါသည်။

Telegram»…
https://t.me/positiveanglenews

PAN