(နိုင်ငံတကာ) နိုဝင်ဘာ ၇
ဖိလစ်ပိုင်ပင်လယ်ပြင်၌ ဖြစ်ပေါ်လျက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း ယင်းရှင်းသည် အလွန်အားကောင်းလာ ပြီးမှ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသဌာန က ထုတ်ပြန်ထားသည်။
ထိုမုန်တိုင်းသည် လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်း၌ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၇ ရက် ညနေပိုင်းတွင် နိုင်ငံမြောက်ပိုင်းရှိ ကုန်းတွင်းပိုင်းသို့ ဝင်မည်ဖြစ်သည်။
မုန်တိုင်းအနေဖြင့် ကုန်းတွင်းပိုင်းမှ ဖြတ်ကျော်စဉ် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ထို့နောက် ယင်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံအနောက်ပိုင်းရှိ ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာကာ ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ဦးတည်သွားနိုင်ခြေ ရှိသည်။
တစ်ချိန်တည်းမှာပင် မုန်တိုင်းတိုက်ခတ်နိုင်ခြေရှိမှုနှင့် ပတ်သက်၍ ဟောင်ကောင်ကလည်း သတိပေးချက် ထုတ်ပြန်ထားသည်ဟု ANN သတင်းဌာနတွင် ဖော်ပြထား သည်။
Telegram»…
https://t.me/positiveanglenews