(ပြည်တွင်း) နိုဝင်ဘာ ၆
မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း များနှင့် လူအများအပြားသေကျေစေတဲ့ လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများကို တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုပြီး FATF က အဆင့်သတ်မှတ်ချက်များကို တိုးမြှင့်ပေးခဲ့ကြောင်း ဗဟိုဘဏ်က နိုဝင်ဘာလ ၅ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ်မှာ FATF ရဲ့ အကြံပြုချက်များကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဦးဆောင်တဲ့ ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ယင်းနောက် မြန်မာနိုင်ငံအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် အစီအမံ (Action Plan)များကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) သို့ ၄ လ တစ်ကြိမ် တိုးတက်မှု အစီရင်ခံစာများပေးပို့ခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ တက်ရောက်ရှင်းလင်း ဆွေးနွေးခြင်းနှင့် FATF မျက်နှာစုံညီအစည်းအဝေးများ တက်ရောက်ခြင်း တို့အား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အခုလိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့မှုများကြောင့် ရလဒ်ကောင်းများအနေနဲ့ ၂၀၂၁ ခုနှစ်မှာ လက်ငင်းရလဒ် ၂ ခု၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ် ၁ ခု၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်း ရလဒ် ၁ ခုနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ် ၄ ခုတို့က ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း (Largely Addressed) အဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရမယ့်အစီအမံ(Action Plan) ၁၅ ချက်မှာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ၇ ချက်သာကျန်ရှိကြောင်း၊ ယင်းကဲ့သို့ မြန်မာနိုင်ငံရဲ့ တိုးတက်ဆောင်ရွက်မှု များကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement)မှာ မြန်မာနိုင်ငံက လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် ၇ ချက်ရှိရာမှ ၆ ချက်သာ ကျန်ရှိခဲ့ပြီး အလေးထား စိစစ်မှု များတိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence)စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ကြောင်း ဖော်ပြချက်အရ သိရပါတယ်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ (Action Plan) ပါ ကျန်ရှိတဲ့အချက်များကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် Timeline များချမှတ်၍ တာဝန်ခံဌာနများဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန် များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်တဲ့ ကြီးကြပ်ရေးအာဏာပိုင်များ၊ သတင်းပို့အဖွဲ့အစည်းများနဲ့ ပူးပေါင်း၍ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews