(အားကစား) နိုဝင်ဘာ ၆
ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တွင် ကျင်းပတဲ့ WTA Finals တင်းနစ်ပြိုင်ပွဲ အုပ်စုအတွင်း ဒုတိယပွဲစဉ်အဖြစ် တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ် က ကာဇက်စတန် တင်းနစ်မယ် ရီဘာကီနာ ကို အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုပွဲစဉ်မှာ ကျန်ကွင်းဝမ် က ရီဘာကီနာ ကို (၇-၆၊ ၃-၆၊ ၆-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ကွင်းဝမ် က အုပ်စုတွင်း တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်နဲ့ကိုပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်တယ်။
ကျန်ကွင်းဝမ် ဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အီတလီတင်းနစ်မယ် ပါအိုလီနီ နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပါအိုလီနီ ကလည်း အုပ်စုအတွင်းမှာ တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ဟာ နောက်တစ်ဆင့်ကို တက်နိုင်ရေးအတွက် အရေးပါလာခဲ့တာဖြစ်ပါတယ်။
WTA Finals တင်းနစ်ပြိုင်ပွဲကို အုပ်စုမဲခွဲစနစ်နဲ့ ကျင်းပနေတာဖြစ်ပြီး ကျန်ကွင်းဝမ် ဟာ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ၊ ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာ၊ အီတလီတင်းနစ်မယ် ပါအိုပီနီ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews