(ပြည်တွင်း) နိုဝင်ဘာ ၆
ယမန်နေ့ နနက်ပိုင်းအချိန်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော စစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF ၅၀၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် KIA/PDF အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားပြီး၎င်းအဖွဲ့ထံမှ KIA အလောင်း ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၃၈ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းအချိန် ၄ နာရီဝင်းကျင်တွင် ပုလဲမြို့နယ် အိုင်းမရွာ အကြမ်းဖက် PDF အစည်းအဝေးပွဲကို လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်အများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းလည်း သိရသည်။
တပ်မတော်စစ်ကြောင်းအဖွဲ့များသည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကချင်ပြည်နယ်ဒေသ၊ ရခိုင်ပြည်နယ်ဒေသ၊ မွန်ပြည်နယ်ဒေသ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိုးစစ်ဆင်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက်အဖွဲ့များ၏ အထိုင်စခန်းများ ခိုအောင်နေရာအများအပြားသိမ်းဆည်းရမိကြောင်း နေ့စဉ် မြေပြင်သတင်းများအရ သိရသည်။
Telegram»…
https://t.me/positiveanglenews