(ပြည်တွင်း) နိုဝင်ဘာ ၅
2024 Global Rural Develop-ment Forum ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ Ministry of Agriculture and Rural Affairs မှ ကြီးမှူး၍ International Poverty Reduction Center (IPRCC) မှ ဦးဆောင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ဦးဆောင်သည့် ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ministry of Agriculture and Rural Affairs မှ ဒုတိယဝန်ကြီး H.E ZHANG Zhili၊ ဘရာဇီးနိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ဂရီနာဒါနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့်သံရုံးမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာန (IPRCC)မှ ကိုယ်စားလှယ်များ၊ UN အဖွဲအစည်းများမှ ကိုယ်စားလှယ်များ၊ Liaoning တက္ကသိုလ်နှင့် Oxford တက္ကသိုလ်တို့မှ ပါမောက္ခများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေး တက်ရောက် လာကြသည့် ကိုယ်စားလှယ်များသည် အောက်တိုဘာ ၃၀ ရက်တွင် ပေကျင်းမြို၌ရှိသည့် Siji Yangkun Agricultural Technology Development Co.,Ltd. သို့ သွားရောက်ကာ အဆိုပါကုမ္ပဏီ၏ စက်မှုအခြေပြုဖွံဖြိုးတိုးတက်ရေးကနဦး ဆောင်ရွက်မှုများမှတစ်ဆင့် လယ်သမားများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် e-commerce စနစ်ဖြင့် ရောင်းချမှုများ၊ Daxing ခရိုင်၌ မူလတန်းနှင့် အထက်တန်းကျောင်းများနှင့် ပူးပေါင်းပြီး လက်တွေ့အခြေစိုက်စခန်းတစ်ခုကို လာရောက်လည်ပတ်နိုင်ရန်အတွက် ဖွင့်လှစ်ထားမှု၊ ဖရဲသီးများအား ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်ကာ စိုက်ပျိုးဧက ၇၉ ဧကပေါ်တွင် စိုက်ပျိုးနေမှုများကို ကွင်းဆင်းလေ့လာကြသည်။
ထိုမှတစ်ဆင့် Lixian မြို့နယ်ရှိ ခရီးသွားအချက်အချာကျသည့် နေရာတွင်တည်ရှိပြီး သဘာဝအရင်းအမြစ်များ၊ ရိုးရာယဉ်ကျေး မှုများဖြင့် ကျော်ကြားသော နေရာ တစ်ခုဖြစ်သည့် Longtou ကျေးရွာနှင့် Lijiachang ကျေးရွာသိုသွားရောက်ကာ “စိုက်ပျိုးထွက် ပစ္စည်းပြပွဲနှင့် အစားအသောက်လမ်း” စီမံကိန်းအဖြစ်စိုက်ပျိုး ထွက်ပစ္စည်းများနှင့်ယဉ်ကျေးမှုများ ပေါင်းစည်းကာ စက်မှုဖွံဖြိုး ရေးအတွက် ဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြသည်။
အောက်တိုဘာ ၃၁ ရက်တွင် 2024 Global Rural Develop-ment Forum ကို Beijing International Convention Center ၌ ကျင်းပရာ တက်ရောက်လာ ကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များက စဉ်ဆက်မပြတ်ဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြရာ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်က ပါဝင်ဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသော နိုင်ငံအသီးသီးမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂ အဖွဲအစည်းများမှ ကိုယ်စားလှယ်များက ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက် ဖွံဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အတွေ့အကြုံများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စဉ်ဆက်မပြတ်ဖွံဖြိုးရေးပန်းတိုင်အားအောင်မြင်စွာ အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရေးအတွက် ကြိုးပမ်းနေမှုများကို အုပ်စုခွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews