သရေ ၁ မှတ်စီနဲ့ ကျေနပ်ခဲ့ရတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်း


(အားကစား) နိုဝင်ဘာ ၄

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ဖြစ်တဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ပွဲကတော့ တစ်ဖက် ၁ ဂိုးစီ သရေပွဲနဲ့ ပြီးဆုံးခဲ့ကာ ၁ မှတ်စီခွဲယူသွားခဲ့ကြပါတယ်။

ယာယီနည်းပြ နစ္စတဲလ်ရွိုင်းရဲ့ ဒုတိယမြောက်ပွဲစဉ်က အနိုင်ရလုနီးပါးထိဖြစ်ခဲ့ရပေမယ့် အဆုံးသတ် မသေချာ တာတွေကြောင့် မန်ယူအသင်းဟာ သရေ ၁ မှတ်နဲ့ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အိမ်ရှင်မန်ယူအသင်းကို ကစားပုံကောင်းကောင်းနဲ့ ဖိအားပေးကစားထားနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ရမှတ် ၃ မှတ်ကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

မန်ယူအသင်းက ၁၀ ပွဲကစား၊ ရမှတ် ၁၂ မှတ်နဲ့ အဆင့် (၁၃)နေရာမှာရှိနေပြီး ချဲလ်ဆီးအသင်းက ၁၀ ပွဲကစား၊ ရမှတ် ၁၈ မှတ်နဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN