ယူကရိန်းက ရုရှား၏အပြင်းထန်ဆုံးသော တိုက်စစ်နှင့်ရင်ဆိုင်နေရဟု ဆို


(နိုင်ငံတကာ) နိုဝင်ဘာ ၄

ယူကရိန်းတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ရုရှား၏အပြင်းထန်ဆုံးသောတိုက်စစ်နှင့် ရင်ဆိုင်နေရ ကြောင်း ယူကရိန်းတပ်မတော်မှ ဗိုလ်ချုပ်ကြီး အလက်ဇန်ဒါး ဆာစကီက ပြောသည်။

ချက်သမ္မတနိုင်ငံမှ စစ်ဦးစီး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကာရယ်ရီခါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ယူကရိန်း ဗိုလ်ချုပ်ကြီး က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရုရှားတို့၏အပြင်းထန်ဆုံးသော တိုက်စစ်ကို ယူကရိန်းတပ်ဖွဲ့များက ကြံ့ကြံ့ခံ ရင်ဆိုင်နေရကြောင်းနှင့်လက်နက်ခဲယမ်း ရိက္ခာများ ဖြည့်တင်းပေးရန် တောင်းဆို နေကြောင်း ယူကရိန်းဗိုလ်ချုပ်ကြီး က ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတို့ အခိုင် အမာခံစစ်ဆင်ထားသော ယူဂလီဒါမြို့ကို အောက်တိုဘာလတွင် သိမ်းပိုက်နိုင်မှုအပါအဝင် ပြီးခဲ့သည့်လများတွင် မြေပြင်၌ သိမ်းပိုက်ရရှိသောနေရာများ တဖြည်းဖြည်းများပြားသည်ဟု ရုရှားသတင်းဌာနများက ထုတ်ပြန်ထား သည်။

ထို့ပြင် ရုရှားတပ်ဖွဲ့များသည် ခု(စ်)ဒေသကို ကျူးကျော်လာသော ယူကရိန်းတပ်ဖွဲ့များကို တိုက်ထုတ်မည့် စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲလျက်ရှိကြောင်း ရုရှားတာဝန်ရှိသူများက ပြောသည်။

ရုရှားအနေဖြင့် မြေပြင်တွင် တိုက်စစ်ဆင်မှုများကို ပိုမိုပြုလုပ်လာနိုင်ခြင်းသည် အနောက်အုပ်စုက ယူကရိန်းသို့ပေးမည်ဟု ပြောထားသော စစ်လက်နက်ပစ္စည်းများ မရောက်လာဘဲ ကြန့်ကြာနေခြင်းနှင့် ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်ရန်ခွင့်မပြုခြင်း တို့ကြောင့် ဖြစ်ကြောင်း ယူကရိန်းဗိုလ်ချုပ်ကြီး က ပြောထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN