(နိုင်ငံတကာ) နိုဝင်ဘာ ၄
နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်သော တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ပူးတွဲ လေတပ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်မှ အကြီးစားဗုံးကြဲလေယာဉ်တစ်စင်းလည်း ပါဝင်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။
မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏အားအပြင်းဆုံး တိုက်ချင်းပစ် ဒုံးကျည်အမျိုးအစားအသစ်ကို စမ်းသပ်ပစ်လွှတ် ပြီး သုံးရက်အကြာတွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ယခုကဲ့သို့ ပူးတွဲလေတပ်စစ်ရေးလေ့ကျင့် ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်သော တိုက်ချင်းပစ်ဒုံးကျည်သည် အမေရိကန်ရှိ မည်သည့် နေရာကိုမဆို ရောက်ရှိနိုင်စွမ်းရှိကြောင်း၊ ကျွမ်းကျင်ပညာရှင်များက ပြောထားသည်။
ယခုပြုလုပ်သော ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်မှ B-1B ဗုံးကြဲလေယာဉ်၊ တောင် ကိုရီးယားမှ F-15K နှင့် KF-16 တိုက်လေယာဉ်များ ပါဝင်သည်ဟု တောင်ကိုရီးယားတပ်မတော်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
B-1B ဗုံးကြဲလေယာဉ်သည် အသံထက်မြန် အကြီးစားဗုံးကြဲလေယာဉ်တစ်မျိုးဖြစ်ပြီး ကီလို ဂရမ် ၃၄,၀၀၀ ရှိ ဗုံးများကို သယ်ဆောင်နိုင်သည်ဟု RTA သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews