(ဆောင်းပါးရှင် နေဇင်လတ်)
နိုဝင်ဘာ ၄
နိုင်ငံရေး “အ” သုံးလုံးမကြေကြသူတွေအတွက် အနောက်နိုင်ငံက ဒီမိုကရေစီ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လူ့အခွင့်အရေးစသည်တို့ဟာ သမ္မာကျမ်းစာပါ အဆုံးအမတွေလို့ သဘောထားကြပြီး နိုင်ငံရေး ဖတ်စာမူလတန်းလွန်တာနဲ့ “အကျိုးစီးပွားကသာထာဝရ” ဆိုတာကို သိလာကြတတ်တယ်။ အလယ် တန်းအဆင့်လောက် ရောက်ရင်တော့ လေ့လာအားလည်းကောင်းကြမယ်ဆိုရင် “တိမ်တောင်သဖွယ်မင်းရေးကြွယ်” တာတွေကို မမြင်ချင်မှအဆုံး နိုင်ငံတကာနိုင်ငံရေးမှ သတိထား တွေးမိနိုင်ပါလိမ့်မယ်။
“ထာဝရရန်သူ – မိတ်ဆွေမရှိ ထာဝရအကျိုး စီးပွားသာရှိသည်။”ဆိုတဲ့အယူအဆကို အမေရိကန်တွေ ဒုတိယကမ္ဘာစစ်နောက်ပိုင်းထုတ်ဖော်ကျင့်သုံးခဲ့ကြတယ်။ ထာဝရအကျိုးစီးပွားအတွက် မဟာဗျူဟာအမျိုးမျိုးကို ရှာဖွေကျင့် သုံးခဲ့ကြတယ်။ အကျိုး စီးပွားအတွက် “ဘယ်သူ သေသေ ငတေမာ” ကြသလို “အမိသော်လည်း သားတော်ခဲ” ဆိုသလို ဘယ်သူ့ကိုမဆို ချနင်းဖို့ဝန်မလေးခဲ့ကြတော့။
လောဘနောက် ဒေါသလိုက်သည်။ လောဘမီးနဲ့ ဒေါသမီးတို့ အဟုန်ကြီးကြီး ပူးပေါင်းမိသွားကြတဲ့အခါ စစ်ကြီးတွေမွေးလာကြတယ်။ မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာတဲ့အခါ “ဒေသတွင်း စစ်” Regional War တွေအထိ ကူးစက်လာကြသလို လက်လွန်ခြေလွန်တွေ ဖြစ်လာတဲ့အခါကျတော့လည်း ကမ္ဘာစစ်တွေအထိ ကူးပြောင်းသွားကြပါတော့တယ်။
ဆုပ်စူး စားရှုးရတဲ့ ဖလန်စကီး
ကိုယ်ကျိုးစီးပွားအတွက် ခြိမ်းခြောက်လာနိုင်ဖွယ်ရာရှိတဲ့ ရုရှားကို အင်အားချိနဲ့သွားစေဖို့၊ ပူတင်ရာထူးက ထွက်သွားရစေဖို့ ယူကရိမ်းကို NATO ထဲထည့်ဖို့ကြိုးစားခဲ့ကြတယ်။ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု ကနေ တစ်ဆင့် အနောက်အုပ်စုရဲ့အနီးကပ်ခြိမ်းခြောက်လာမဲ့ အန္တရာယ်ကို ပူတင်ဘက်ကဘယ်လိုမှ လက်မခံနိုင်တာကိုသိလို့ အမေရိကန်ကစစ်မြူခြင်းသာဖြစ်ပါတယ်။ ကမ္ဘာကျော် George Soros ကို ဦးဆုံးလွှတ်ပြီး ယူကရိမ်းပြည်သူတွေရဲ့ ဦးနှောက် အတွေးအခေါ်တွေကို INGO တွေနဲ့ ကြိုတင်ပြောင်းလဲစေတယ်။ TV ဟာသမင်းသားကို လူမွေးတယ်။ ရွေးကောက်ပွဲလုပ်ပြီး မဲအများစုနဲ့ ဇလန်စကီး “သမ္မတ” ဖြစ်လာပါတော့တယ်။ ဒါက အမေရိကန်ရဲ့လုပ်နေကြ “ဇာတ်ညွှန်း” တစ်ခုပါ။
ကြိုးဆွဲရာ “က” ပြမဲ့ ဇလန်စကီးဟာ “သမ္မတ” ဆိုတဲ့ မတန်မရာ “ရာထူး”ကို ရတဲ့အခါမှာ အမေရိကန်ကို ကျေးဇူးဆပ်ရပါတော့တယ်။ ဒါက အင်မတန် အန္တရာယ်ကြီးတဲ့ NATO အဖွဲ့ဝင် ဝင်ရောက်မှုပဲ ဖြစ်ပါတယ်။ NATO ကိုလည်းအမေရိကန်က အဓိကထောက် ပံ့ထားလေတော့ အမေရိကန်ရဲ့ ညွှန်ကြားမှုကို မလွန် ဆန်နိုင်ဘူး။ ယူကရိမ်းကို NATO အဖွဲ့ဝင်အဖြစ်မခံနိုင် ဘူး။ ဆက်လုပ်ရင် ရုရှားဘက်က စစ်ရေးအရ ဆောင် ရွက်ရလိမ့်မယ်လို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်။ စစ်ပွဲဖန်တီးပြီး ရုရှားကို “စစ်နွံ” နှစ်ချင်တဲ့အတွက် ယူကရိမ်း NATO ထဲ ဝင်ရောက်ရေးဆက်လုပ်ကြတယ်။ တားမရတော့တဲ့အတွက် အထူးစစ်ဆင်ရေး Special Operation ဆိုပြီး ယူကရိမ်းကို ရုရှားကစပြီး ထိုးစစ်ဆင်ရပါတော့တယ်။
ဒီနေ့ ယူကရိမ်းစစ်ဖြစ်ခဲ့တာ နှစ်နှစ်ကျော်သွားခဲ့ပါပြီ။ မျှော်လင့်သလိုတွေ မဖြစ်လာခဲ့ပါဘူး။ မမျှော်လင့်တာတွေပဲ ဖြစ်သွားခဲ့တယ်။ ရုရှားက စစ်စရိတ်ထောင်းပြီး အင်အားချိနဲ့သွားစေမဲ့ အမေရိကန်ရဲ့အစီအမံက ပြောင်းပြန် ဖြစ်သွားခဲ့တယ်။ စွမ်းအင်ဈေနှုန်းတွေတက်ပြီး ရုရှားက ဝင်ငွေတွေ ပိုလာတယ်။ စစ်စရိတ်ကာမိတဲ့အတွက် စစ်ဆက်တိုက်နိုင်သွားတယ်။ အမေရိကန်မှာ ငွေ ကြေးဖောင်းပွမှုဖြစ်ပြီး ပြည်သူတွေမကျေမနပ်ဖြစ်တာကို ရင်ဆိုင်လိုက်ရတယ်။ ယူကရိမ်းကို အမေရိကန်က အဓိကအထောက်အပံ့ ပေးနေရတာ
ကြောင့် အကြွေးတွေတက်လာတယ်။ မျှော်မှန်းထားတာထက် ပိုမိုတဲ့စစ်စရိတ်တွေကြောင့် ပြည်သူတွေက ဘိုင်ဒင့် အစိုးရကိုမကျေမနပ်ဖြစ်လာခဲ့ကြတယ်။
ပိုဆိုးချင်တော့ Helen မုန်တိုင်းနဲ့ Milton မုန်တိုင်းက ရှေ့ဆင့်နောက်ဆင့် အမေရိကန်ကို ဝင်မွှေတယ်။ ပျက်စီးမှုအတော်ကြီးမားတယ်။ သမ္မတဘိုင်ဒင်ကို ပြည်သူတွေ မေးခွန်းထုတ်ကြပါလေရော၊ အမေရိကန်ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ငွေတွေဟာ ဟာရီကိန်းကြောင့်ပျက်စီးသွားတဲ့ အမေရိကန်သားတွေရဲ့ ကယ်ဆယ်ရေးအတွက် သုံးမှာလား၊ ယူကရိမ်းစစ်အတွက်အသုံးပြုမှာလားဆိုတဲ့ မေးခွန်းနဲ့မကျေနပ်ချက်က အတော်အသံကျယ်လာပါတယ်။ ဖြစ်ချင် တော့ အမေရိကန် 2024 GEက တစ်လလောက်ပဲလိုတော့တဲ့ ကာလဖြစ်နေပြန်တယ်။ ဒီလိုနီးကပ်လာတဲ့ကာလမှာ ယူကရိမ်းစစ်ကိုထပ်ပြီး ကူလိုက်ရင် ရွေး ကောက်ပွဲမှာဒီမိုကရက်တွေအတွက် “မ”တွေ အတော်ထိခိုက်သွားတော့မယ်။
မတတ်နိုင်တော့ဘူး။ “ကိုယ်မချိ အမိသော် လည်း သားတော်ခဲ” လုပ်ရတော့တာပဲ။ ယူကရိမ်းစစ်နဲ့ ပတ် သက်တဲ့ ထောက်ပံ့ရေးဆိုင်ရာကိစ္စကိုဂျာမဏီမှာ NATO ထိပ်သီးတွေနဲ့ ကျင်းပဖို့ စီစဉ်ထားခဲ့တာကို ဘိုင်ဒင်က မသွားတော့ဘူး။ နဂိုကမှ စိတ်ကုန်နေကြတဲ့ NATO ခေါင်းဆောင်တွေကလည်း အစည်းအဝေးကို ဖျက်လိုက်ကြတော့တယ်။
အားလုံးက လွှတ်ချလိုက်တဲ့သဘောပဲ။ အကျိုး စီးပွားကသာ ထာဝရဆိုတာကို အမေရိကန်ကရော NATO ကရောပါ ပြသသွားတာပါ။
Victory Plan ရေထဲမျော
ဇလန်စကီးက နောက် ဆုံး ကောက်ရိုးတစ်မျှင်အနေနဲ့ အဲ့ဒီအစည်းအဝေးမှာသူရဲ့ “Victory Plan” ကို သေသေချာချာ တင်ပြဖို့ ပြင်ဆင်ခဲ့တယ်။ အဲ့ဒီကတဆင့် “ငွေ”ဆတောင်းမယ်ပေါ့။ NATO ရဲ့ ကြီးကြီးမားမား မျှော်လင့်ခဲ့တဲ့ “တန် ပြန်နွေဦးတိုက်စစ်” မှာ ဦး ကျိုးသွားကထဲက ဇလန်စကီးအပေါ်အားလုံးက ယုံကြည်မှုပျောက်သွားခဲ့တယ်။ စစ်ကို နောက်ဆုတ်မရလို့သာ ဆက်မှေးပြီး ထောက်ပံ့နေရတယ်။ ရုရှားကို ဘယ်လိုမှ ပြန်လှန်လိမ့်မယ်လို့ မယုံကြည်ကြတော့ဘူး။ အမေရိကန်နဲ့ NATO ထိပ်သီးပါတဲ့ အစည်း အဝေးပျက်တော့ ဇလန်စကီး အများကြီး မျှော် လင့်ထားခဲ့တဲ့ Victory Plan လည်း ရေထဲတစ်ချက်ထဲ မျှောသွားရပါတော့တယ်။ NATO ဘက်က သဘော ထားတစ်ရပ်ထွက်လာတယ်။ Victory Plan ကိုဘယ်သူကမှ စိတ်မဝင်စားကြတော့ဘူး။ မယုံကြည်ကြတော့ဘူးဆိုတဲ့ အသံပါပဲ။
မိုးထဲရေထဲဖြစ်ကာမှ တကယ့်အကြပ်အတည်းတွေ့လိုက်လာရတာက ဇလန်စကီး ဖြစ်လာပါတယ်။ စစ်ကို ဆက်တိုက်ရမလား၊ နိုင်ငံကထွက်ပြေးရတော့မလား၊ လမ်းဆုံကိုရောက်သွားပြီး ဆုပ်စူး-စားရူးဘဝကိုတစ်ခါထဲရောက်သွား ရတော့တာပါပဲ။ ဒီကြားထဲမှာ ဇလန်စကီး သိအောင် အသံတချို့ပေးလာတာ တွေ့ရတယ်။
NATO အဖွဲ့ဝင်ဖြစ်ဖို့ ယူကရိမ်းအနေနဲ့ မဖြစ်နိုင်တော့ဘူးဆိုတဲ့အသံ၊ ဇလန်စကီး ဘယ်လိုခံစားရပါမလဲ၊ ယူကရိမ်းစစ် ဖြစ်ရတာဟာ NATO အဖွဲ့ဝင်ဖြစ်ဖို့ သဘော တူရာက စခဲ့ရတဲ့အဖြစ် ပါ။ နောက်ဆုံးအဖွဲ့ဝင်ဖြစ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုလေတော့ အားလုံးရဲ့ ရက်စက်မှုကို ဇလန်စကီး ကောင်းကောင်း နားလည်လိုက်ရပါတော့ တယ်။ ဒါပေမဲ့ အရာရာကတော့.. အဖတ်ပြန်ဆယ်မရအောင် နောက်ကျသွားခဲ့ပါပြီ။
ဒုတိယအသံက EU မှာယူကရိမ်းကို စစ်ရေးဆက် လက်ထောက်ပံ့ဖို့ လက်နက်တွေ မရှိတော့ပါဘူးတဲ့ ယူကရိမ်းစစ် ဆက်တိုက်နိုင်အောင်လို့ စစ်လက်နက်တွေလိုအပ်နေပါတယ်။ မလုံလောက်တော့ပါဘူးလို့ ဇလန်စကီး ညည်းတွားမှုကို တုံ့ပြန်ပေးလိုက်တာပါ။
တတိယအသံကတော့ ဇလန်စကီး ရူးသွားလောက်တဲ့စကား ဖြစ်ပါလိမ့်မယ်။အရင် NATO အတွင်းရေးမှူးချုပ်ဟောင်း Jens Stoltenberg ရဲ့စကားဖြစ်ပါတယ်။ သူ NATO အတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်စဉ်က ယူကရိမ်းစစ်ကိုရန်လိုစွာနဲ့ အမြဲတွန်းအားပေးနေတတ်သူဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းရေးမှူးချုပ်အသစ် ရောက် လာပြီး NATO အတွင်းရေးမှူးကအနား ယူသွားတဲ့အခါကျတော့ စကားသံက ပြောင်းလဲသွားတာ တွေ့ရတယ်။
“ဖင်လန်ဟာ ရုရှားနဲ့ စစ်ပြေငြိမ်းနိုင်ဖို့ နယ် မြေဆယ်ရာခိုင်နှုန်း အဆုံးရှုံးခံခဲ့ရတယ်”
“ယူကရိမ်းအနေနဲ့လည်း လက်ရှိစွန့်လွှတ်ထားရတဲ့နယ်မြေတွေကို အဆုံးရှုံးခံပြီး စစ်ကိုရပ်စဲသင့်ပြီ”
လောလောဆယ်ယူကရိမ်းနယ်မြေ၊ ရာခိုင် နှုန်း ၃၀ ကို ကိုရုရှားကထိန်းချုပ်ထားပါတယ်။ အဲ့ဒီရာခိုင်နှုန်း ၃ဝ သော နယ်မြေကိုပေးပြီး ရုရှားနဲ့စစ်ပြေငြိမ်းရမဲ့ ဘဝကိုရောက်ရင် ဇလန်စကီးရဲ့သမိုင်း ဘယ်လိုဖြစ်သွားပါတော့မလဲ၊ ဒါပေမဲ့လဲ အမေရိကန်နဲ့. NATO အထောက်အပံ့ မရတော့ရင် ဘာမှလည်း ဆက်ပြီး လုပ်လို့မရပြန်တာကို ဇလန်စကီး သိနေပြန်ပါတယ်။
“တိမ်တောင်သဖွယ် မင်းရေးကြွယ် လှပါပေတယ်”
အရှေ့အလယ်ပိုင်းကသင်ခန်းစာ
ခရစ် ၂ဝ၂၄ ဟာ ကမ္ဘာ့သမိုင်းကို သင်ခန်းစာ အကြီးကြီး ပေးသွားခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ မွေးစားသားလို့ဆိုတဲ့ အစ္စရေးလဲ အကျိုး စီးပွားနဲ့ယှဉ်လာရင် လွှတ်ချခံရတော့တဲ့ သင်ခန်း စာအကြီးကြီးဖြစ်ပါတယ်။ “အစ္စရေး – အာရပ်” ဟာ ပဝေသဏီထဲက ရန်ဘက်တွေဖြစ်ပါတယ်။ ရေနံကြောင့် ချမ်းသာပြီး၊ လူဦးရေပွားနှုန်းကြီးတဲ့ အစ္စလာမ်ကမ္ဘာကြီးကို ထိန်းထားဖို့အစ္စရေးဟာ အမေရိကန်အတွက် “မရှိမဖြစ်” မွေးစားသားကြီးပါ။ မွေးစားသားကြီးလိုသမျှ အမေရိကန်က ဖြည့်ဆည်းပေးလေ့ရှိပြီး မျက်နှာအညှိုးမခံခဲ့ပါဘူး။
ဒါပေမဲ့ ဘိုင်ဒင့်လက်ထက်မှာ ပုံစံတွေ သိသိသာ သာပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါကတော့ “ကိုယ်မချိ အမိသော်လည်း သားတော်ခဲ” ဆိုတဲ့ ကိစ္စကြောင့် ဖြစ်ရပါတယ်။
တစ်လလောက်သာ လိုတော့တဲ့ အမေရိကန်ရွေး ကောက်ပွဲဟာ ဘိုင်ဒင် အတွက်ရော၊ ဒီမိုကရက်ပါတီ အတွက်ရောပါ အလွန်အရေးကြီးနေပါတယ်။ လာမဲ့ရွေးကောက်ပွဲဟာ လွန်ခဲ့တဲ့နှစ် နှစ်ရာလောက် အမေရိကန်တွေ ဖြတ်သန်းခဲ့တဲ့ သာမန်ရွေးကောက်ပွဲမျိုးလုံးဝ မဟုတ်ပါဘူး။ တစ်ဖက်ပြိုင်ဘက်က ပါတီမတူတာလောက်နဲ့ ကိစ္စမပြီးတဲ့သူဖြစ်နေပါတယ်။ Trump သမ္မတ ဖြစ်မလာရေးအတွက် အမှုပေါင်း ၅၀ ကျော်
နဲ့ သမိုင်းအပျက်ခံပြီး တရားစွဲဆိုခဲ့တယ်။ အမျိုးမျိုးဒုက္ခတွေပေးခဲ့တယ်။ ထရမ့် အသက်အန္တရာယ် နှစ်ကြိမ် လုပ်ကြံခံရမှုဖြစ်ခဲ့တယ်။၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေဖြစ်ခဲ့တယ်။ ဒါကြောင့် ထရမ့်သမ္မတ ဖြစ်လာခဲ့ရင် ဘိုင်ဒင်အပါအဝင် ထိပ်စည်းတွေအားလုံးနီးပါးကို ထရမ့်က တန်းစီပြီး ထောင်ထဲပို့လိမ့်မယ်ဆိုတာ သိနေကြတယ်။
ဟီလာရီကလင်တန်တို့၊ Bill Gates တို့ကတောင် ထရမ့်သမ္မတဖြစ်လာရင် အမေရိကန်ကို စွန့်ခွာကြမယ်လို့ ထုတ်ပြောရလောက်အောင်ကို အန္တရာယ်ရှိနေပါတယ်။ လောလောဆယ်ထရမ့်နဲ့ ဟဲရစ်တို့ရဲ့ မဲက အကြိတ် အနယ်ပဲရှိနေဆဲပါ။
အစ္စရေး – အီရန်စစ်ကလည်း ဖြစ် လာပြီဆိုရင် ခပ်ကြမ်းကြမ်းဖြစ်ပါလိမ့်မယ်။ ၁- ၁၀- ၂၄ နေ့မှာ အီရန်ကအစ္စရေးကို မစ်ဇိုင်းပေါင်း နှစ်ရာနဲ့တိုက်ခိုက်ခဲ့လို့ အစ္စရေး အတော်အထိနာထားတယ်။ (တချို့ကလည်း မစ်ဇိုင်း “၄၀၀”လောက်နဲ့ စုပြုံတိုက်ခိုက်ခဲ့တယ်လို့
ဆိုတယ်။)အစ္စရေးက အီရန်ကိုလက်စားခြေတုံ့ပြန်တိုက်ခိုက်မှာကတော့ မလွဲမသွေပါ။ဒါပေမဲ့ ဘယ် လောက်အတိုင်းအတာအထိ တုံ့ပြန်တိုက်ခိုက်ရမလဲဆိုတာက အဓိကမေးခွန်းကြီးတစ်ခုဖြစ်လာပါတယ်။
အစ္စရေးရဲ့ ဂါဇာကိစ္စ၊ လက်ဘနွန် တိုက်ခိုက်မှုကိစ္စတွေက လာမဲ့ ရွေးကောက်ပွဲအပေါ် သက် ရောက်မှုတွေ ရှိနေပါတယ်။ တတ်နိုင်ရင်တော့ ကောက်ပွဲမတိုင်မီ ဘိုင်ဒင်က အစ္စရေးကို စစ်မဖြစ်စေချင်ပါဘူး။ အီရန်နဲ့ဖြစ်မဲ့ စစ်က ရွေး ကောက်ပွဲရလဒ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေနိုင်လို့ပါ။ Harrisက ပြတ်ပြတ်သားသား “မ” သာနေရင်ပြဿနာမရှိပေမဲ့ အကြိတ်အနယ် ဖြစ်နေတဲ့အချိန်မှာ မဲနည်းနည်းကပဲ အရှုံးအနိုင်ကိုဖြစ်သွားစေနိုင်ပါတယ်။
ဘိုင်ဒင်က နေတန်ယာဟုကို အဆက်အသွယ်မလုပ်တာ “၄၉” ရက် ကြာတယ်။ နောက်ဆုံး ဘိုင်ဒင်နဲ့နေတန်ယာဟုတို့ ဖုန်းနဲ့ဆွေးနွေးကြတယ်။မှတ်လောက်သားလောက်ရှိအောင် အီရန်ကို အစ္စရေးက“လက်ကုန်” တုံ့ ပြန်ချင်ပေမဲ့ ဘိုင်ဒင့်ညွှန်ကြားချက်က “ကန့်သတ်” လိုက်တာတွေ့ရတယ်။ နျူကလီးယားနဲ့ ဆိုင်တဲ့နေရာတွေကို မတိုက်ခိုက်ရဘူး။ ရေနံထုတ်လုပ်၊ ချက်လုပ်ရာနေရာတွေကို မတိုက်ခိုက်ရဘူး။ အဲ့ဒီနေရာတွေကို
တိုက်ခိုက်ခဲ့ရင် အစ္စရေးဘက်က မရပ်တည်တော့ဘူးဆိုတဲ့ အမိန့်သဘော ကန့်သတ်ချက်နဲ့ ဘိုင်ဒင်က တုံ့ ပြန်ထားတယ်။
အစ္စရေးလည်း အခက်တွေ့ရတော့တာပါပဲ။ အီရန်ကို နျူကလီးယားမပိုင်စေ ချင်ပါဘူး။ အခုလိုအခြေ အနေက အလွန်ကောင်းတဲ့အခြေအနေဖြစ်ပြီး အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို ဖျက် ဆီးဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်နေပေမဲ့ အမေရိကန်က လုံးဝသဘောမတူထားလေတော့ ထည့်သွင်းတွက်ချက်ရမှာတွေက အများကြီးဖြစ်နေပါတယ်။ April 2024 အစ္စရေး- အီရန်တစ်ဖက် တစ်ရက်စီမစ်ဇိုင်းတွေနဲ့ ပစ်ကြတုန်းက
အစ္စရေးက အသာစီးရသွားတယ်။ ၁-၁ဝ-၂၄ နေ့ အီရန်ဘက်က တိုက်ခိုက်ရာမှာ အစ္စရေးဘက်က အတော်လေးအထိနာသွားတော့ အစ္စရေးကအများကြီး ပြန်ပြီးသုံးသပ်ရပါတော့တယ်။ နောက်အချက်က အစ္စရေးဘက်က လက်စားခြေတိုက်ခိုက်မှုပြီးရင် စစ်ပွဲက ရပ်မသွားပါဘူး။ အီရန်ဘက်က အဆင့်မြင့်တွေနဲ့ထပ်ပြီး တိုက်ခိုက်လာနိုင်ပါသေးတယ်။ အီရန်ရဲ့ နောက်မှာ ရုရှားနဲ့တရုတ်တွေက ထပ်ကြပ်ရှိနေတယ်။ အစ္စရေးထီးထီးနဲ့ တိုက်လို့မရပါဘူး။ အစ္စရေးလဲ အမေရိကန်ရဲ့“အား” ကို ရယူရမှာဖြစ်တယ်။
ပြဿနာက အီရန်ဘက်ရပ်တည် နေကြတဲ့ ရုရှားနဲ့ တရုတ်က အီရန်ကို ကန့်သတ်ချက် ပေးထားဟန်မတူပါဘူး။ အစ္စရေးဘက်ကသုံးတဲ့ လက်နက်အဆင့်မြှင့်လာရင် သူတို့ဘက်ကိုလည်း မြှင့်ပြီး သုံးမယ်။ ဒါပေမဲ့ အစ္စရေးကိုတော့ အမေရိကန်က ကန့်သတ်ချက် ပေးထားတာတွေ့ရတယ်။အဲ့ဒီကန့် သတ်ချက်ကလဲ “အစ္စရေး – အီရန်စစ်ထက်ပိုပြီး အမေရိကန် ရွေး ကောက်ပွဲရလဒ်ကို အလေးပေးစဉ်းစားထားလို့ ဖြစ်ပါတယ်။
ဆိုလိုချင်တာက
ထာဝရရန်သူ- မိတ်ဆွေမရှိတာရယ် ထာဝရအကျိုး စီးပွားပဲရှိတယ်ဆိုတာရယ် ထပ်ဖြည့်စွက်ရမှာက ထာဝ ရမွေးစားသားဆိုတာလည်းမရှိဘူးဆိုတာကို သမ္မာ ကျမ်းစာထဲထပ်ပြီး ထည့်သင့်ပြီလို့ ရေးရပါတော့မယ်။
#PAN