တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို ဖမ်းဆီးရမိ

(ပြည်တွင်း)နိုဝင်ဘာ ၄

    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိုင်းကျိုင်း(ခ)ရဲလမ်း ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများသိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ စိုင်းရီလွတ် နှင့် အိုက်ကောင် တို့ ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ်(မက်သ်အဖက် တမင်း) ၂၀၂ ကီလို၊ အနံ့မှုန့် Vanillin ၇၅ ကီလို၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

       စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင် စိုင်းကျိုင်း(ခ)ရဲလမ်းနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ အန်းဂျေလို တို့ ၂ ဦးမှ တာချီလိတ်နယ်စပ်တွင် အရောင်း အဝယ်ပြုလုပ်ရန် သိုဝှက်ထားသော ပစ္စည်းများဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိသည်။

      ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင် ဆက် စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်း ဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင် ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေး အတွက် ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဆက် လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN