(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၅
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဘိုင်အိုတင်ဆိုတဲ့ ဓာတ်က ဗီတာမင်ဘီ အုပ်စုထဲက တစ်ခုပဲဖြစ်ပါတယ်။ ဘီဆဲဗင်းလို့လည်း ခေါ်ကြပါတယ်။ အဲ့ဒီ ဓာတ်ချို့တဲ့ခြင်းက ဆံသားကျွတ်လွယ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ အရေပြားကျန်းမာ ရေး ထိခိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ကြက်ဥ၊ ကန်စွန်းဥနဲ့ ဟင်းနုနယ်တို့မှာ ပါဝင်ပါတယ်။ သံဓာတ်ပြည့်ဝတဲ့အစားအစာကို စားသုံးခြင်းက သင့်မှာသံဓာတ်ချို့တဲ့နေတာကို ကူညီပေးနိုင်ပါတယ်။ ဟင်းနု နွယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဆံသားကျန်းမာရေးကို ကူညီနိုင်ပါတယ်။
အမဲသားစားခြင်းကလည်း သံဓာတ်ကိုရရှိနိုင်ပါတယ်။ ဇင့်ဓာတ်က ဆံသားကျွတ်လွယ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ လေ့လာချက်တွေအရ ဆံသားကျွတ်လွယ်ခြင်းက ဇင့်ပမာဏလျော့နည်းနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
ကမာကိုကြိုက်တယ်ဆိုရင်တော့ သင့်အတွက်ဇင့်ဓာတ်အပြည့်အဝရနိုင်ပါတယ်။ ကမာကိုမစားတဲ့လူတွေအတွက်ကတော့ ဥအမျိုးမျိုး၊ ပဲ၊ အနီရောင် အသား၊ ဟင်းနုနယ်ရွက် စတာတွေကနေ ဇင့်ဓာတ်ကိုရနိုင်ပါတယ်။ ဗီတာမင်အေ ပေါများတဲ့အစားအစာတွေက တစ်နည်းအားဖြင့် beta-carotenes ပါဝင်တာပါပဲ။ ဗီတာမင်အေက ဆံသားအတွက်ကောင်းသလို သင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။
Beta-carotene က မျက်လုံးအတွက် လည်း ကောင်းမွန်စေသလို၊ ခုခံအားလည်းကောင်းစေပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။ ဗီတာမင်ဒီ ကအရေး ကြီးတဲ့ လိုအပ် ချက်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက ခန္ဓာကိုယ်မှာ ဗီတာမင်ဒီကြွယ်ဝစွာရရှိစေပါတယ်။ အပြင်ထွက်ပြီး နေပူစာလှုံခြင်းက ဗီတာမင်ဒီရရှိစေပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ အစားအစာကနေရချင်ရင်တော့ တူနာငါး၊ ဆောလမွန်ငါးနဲ့ အမဲအသည်း၊ ကြက်ဥအနှစ်တွေကနေ ရနိုပါတယ်။ နို့၊ အုတ်ဂျုံမှုန့်နဲ့ လိမ္မော်ရည်တွေကနေလည်း ရနိုင်ပါတယ်။ Omega-3 နဲ့ -6 က သင့်နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဆံသားကျွတ်လွယ်ခြင်းနဲ့ ဆံသားပြန်လည်သန်စွမ်းဖို့ အသုံးဝင်ပါတယ်။
ဆော်လမွန်ငါးစားခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ အခွံမာသီး၊ အစေ့များနဲ့ နေကြာဆီ၊ ဖရုံစေ့ဆီ၊ အုန်းဆီ၊ စပျစ်စေ့ဆီ၊ နှမ်းဆီစတဲ့ အဆီတွေမှာလည်း ပါဝင်ပါတယ်။ ဆီလီနီယမ်ဓာတ်က အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ်။ ခုခံအားကောင်းစေဖို့နဲ့ ဆံသားအတွက်အရေးပါပါတယ်။ အဲ့ဒီ ဓာတ်ပါဝင်တဲ့ အစား အစာတွေက မှို၊ ဝက်သား၊ အမဲသား၊ ကြက်ဆင်သား၊ နေကြာစေ့နဲ့ အခြားအစေ့အဆံတွေမှာ ပါဝင်ပါတယ်။
#PAN