(မှုခင်း) နို၀င်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ဆေးရုံ ဂိုဒေါင်တစ်လုံးတွင် ယမန်နေ့ည ၁၂ နာရီကျော်အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဂိုဒေါင်မှာ ယာရှော့ဖြစ်ပွားရာမှတဆင့် လောင်ကျွမ်းခြင်းဖြစ်ပြီး မြို့နယ်မီးသတ်ရုံအနီးတွင် ကပ်လျက်ရှိကြောင်း၊ ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ သဖြင့် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုအတွင်း လူထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်းပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စုံစမ်းလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews