အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းရှိနေပြီဟု ခါမေနီ ပြော

(နိုင်ငံတကာ) နိုဝင်ဘာ ၃

     အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များကို ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း နိုင်ငံ့ဦးသျှောင် အယာတိုလာခါမေနီ က နိုဝင်ဘာလ ၂ ရက်တွင် ပြော သည်။ ထို့ပြင် အီရန်နိုင်ငံက အစ္စရေးနှင့် အမေရိကန်တို့ အံ့အားသင့်သွားလောက်အောင် လက်တုံ့ပြန်သွားမည်ဟု ခါမေနီ ကပြောထားသည်။

      အလားတူ အီရန်နိုင်ငံသည် အစ္စရေးနှင့် ဘတစ်ပြန်ကျားတစ်ပြန် ထိတွေ့တိုက်ခိုက်မှုများ လုပ်ဆောင်ရပါက နျူကလီးယားလက်နက်များ အသုံးပြုရေးဆိုင်ရာမူဝါဒကို ပြောင်းလဲသွားရန်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း ခါမေနီ၏ အကြံပေးဖြစ်သည့် ကာမယ်ခါရာဇီ ကပြော သည်။

      ထို့ပြင် အီရန်နိုင်ငံအနေဖြင့် ၎င်းတို့ပိုင်ဆိုင်ထားသော အမြင့်ပျံဒုံးကျည်များ၏ ရောက်ရှိနိုင်မှုအကွာအဝေးကိုလည်း တိုးမြှင့်သွားမည် ဖြစ် ကြောင်း ခါရာဇီ ကဆက်ပြောသည်။ အီရန်တော် လှန်ရေးအစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး နာအီနီ ကလည်း အီရန်၏ လက်တုံ့ ပြန်မှုသည် ရန်သူအနေဖြင့် နားလည်ထားနိုင်သောအတိုင်းအတာထက်ပိုမည်ဖြစ်သည်ဟု ပြောထားသည်။

#PAN