(ပြည်တွင်း)နိုဝင်ဘာ ၃
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပါမည့် ခရီးသည် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်အား ပြည်ပထွက်ခွာခွင့်မပြုပဲ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈နာရီ၁၅မိနစ်အချိန်ခန့်က အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ လေယာဉ်အမှတ် XY-ALP(E-190)၊ ခရီးစဉ်အမှတ် 8M-337 ဖြင့်(တံတားဦး)ဖြင့် လိုက်ပါမည့် ခရီးသည် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်၊၆၀နှစ်၊(ဘ)ဦးထွန်းရွှေ၊နိုင်ငံကူးလက်မှတ် (MH……….)၊အောင်သမာဓိရွှေဆိုင်ပိုင်ရှင်၊မင်းတဲအီကင်းရပ်ကွက်၊အောင်မြေသာစံမြို့နယ်နေသူသည် နံနက်၇နာရီ၂၅မိနစ်အချိန်ခန့်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊လူဝင်မှုကြီးကြပ် ရေးကောင်တာ၌ စစ်ဆေးမှုခံယူနေစဉ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၏ အမည်မည်းစာရင်း (Black List)ရေးသွင်း၍ ပြည်ပထွက်ခွာမှုတား ဆီးရန် ညွှန်ကြားထားသူဖြစ်သဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူများမှ ပြည်ပထွက်ခွာ ခွင့်မပြုဘဲ တားဆီးခဲ့ကြောင်း သိရသည်။
၎င်းနောက် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်အား နံနက်၈နာရီ၁၅မိနစ် အချိန်တွင် လေဆိပ်လုံခြုံရေးတာဝန်ရှိသူများမှ ခေါ်ယူစစ်ဆေးခဲ့ကာ နိုင်ငံကူးလက် မှတ်အား သိမ်းဆည်းခဲ့ပြီး ၎င်းအားနေအိမ်သို့ ပြန် လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။
#PAN