တံတားဦးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီပါတီဝင်နှစ်ဦးအားအကြမ်းဖက် PDF အဖွဲ့မှ နေအိမ်ထိ လာရောက်ပစ်သတ်

(ပြည်တွင်း)နိုဝင်ဘာ ၃

    မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထနောင်းကိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီပါတီဝင်တို့အား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်တွင် လာရောက် ပစ်သတ်သွားကြောင်း သိရသည်။

      ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာဘက်မှ အကြမ်းဖက် PDF များ သည် ဆိုင်ကယ်များဖြင့် တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမိုးနွယ်၊၅၀နှစ်၊(ဘ)ဦးတုတ်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)၏ နေအိမ်ရှေ့သို့ ရောက်ရှိပြီး ဦးမိုးနွယ်၏ အမည်ကိုခေါ်ခဲ့ရာ ဦးမိုးနွယ်မှ အကြမ်းဖက် သမားများဖြစ်ကြောင်း သိရှိသဖြင့် နေအိမ်ခြံဝိုင်းအတွင်းမှ ထွက်ပြေးစဥ် အကြမ်းဖက်သမားများက ဝိုင်းဝန်းဖမ်းဆီးပြီး နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ် ခတ်ခဲ့ရာ ဦးမိုးနွယ်တွင် သေနတ်ဒဏ်ရာ ၉ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။


      ၎င်းနောက် အကြမ်းဖက်သမားများသည် ငါန်းဇွန်ဘက်သို့ ကားလမ်းအတိုင်း ပြန်ထွက်သွားစဥ် ထနောင်းကိုင်းကျေးရွာအဝင်အနီးအရောက်တွင် ဦးကျော်ဦး၊၄၄နှစ်၊(ဘ)ဦးကျင်လှိုင်၊တောင်သူ၊ထနောင်းကုန်းကျေးရွာနေသူ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးကော် မတီဝင်)အား တွေ့ရှိ၍ အကြမ်းဖက်သမားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးကျော်ဦးတွင် သေနတ်ဒဏ်ရာ ၄ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

#PAN