အုန္နဲပေါင်းရွာ၊ ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက် PDF အဖွဲ့ မှ သတ်ဖြတ်


(ပြည်တွင်း) နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အုန္နဲပေါင်းရွာ၊ ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ အား ယမန်‌နေ့ ညနေပိုင်းတွင် အကြမ်းဖက် PDF အဖွဲ့များက သတ်ဖြတ်သွားကြောင်း သိရသည်။

အုန္နဲပေါင်းရွာ ဘုန်းကြီးကျောင်းတွင် ခေတ္တလာရောက်ခိုလှုံနေသော အကြမ်းဖက် PDF အဖွဲ့များက အရက်သောက်သည်ကို ကျောင်းဝန်းအတွင်း မသောက်သုံးရန် ဆရာတော်မှ တားမြစ်သည်ကို မကျေနပ်၍ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိသည် သက်တော် ၄၃ နှစ် နှင့် ဝါတော် ၂၃ ဝါ ရှိပြီးဖြစ်ပြီး နိုင်ငံရေးဖြစ်စဥ်များတွင် ပါဝင်မှူမရှိပဲ တရားအားထုတ်နေသော သံဃာတစ်ပါးဖြစ်ကြောင်း၊ ဒေသခံများနှင့် ၎င်းဒေသရှိ အကြမ်းဖက်အဖွဲ့များကပင် လေးစားကြည်ညိုရသော ဆရာ​တော်​တပါးဖြစ်ကြောင်း၊ ဆရာတော်အား ဒေသခံများက ဆေးခန်းသို့ လိုက်ပို့နိုင်ခဲ့သော်လည်း ကျည်ထိမှန်ဒဏ်ရာများကြောင့် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN