ယာဉ်ရှေ့နောက် ဝဲ/ယာတံခါးဘေးဘောင်များကြားတွင် သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါးများ နှင့် တရားခံအား ဖမ်းမိ


(မှုခင်း) နိုဝင်ဘာ ၂

ရန်ကုန်-မော်လမြိုင်သွားကားလမ်းမဘေးရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ၁၂ နာရီ ၃၀ မိနစ်အချိန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ပဲခူး ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် MDY-13/ 6G-2370 Toyota Passo အမျိုးအစား(သနပ်ခါးရောင်)မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့နောက် ဝဲ/ယာတံခါးဘေးဘောင်များကြားတွင် မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်လာကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် လုံခြုံရေးအခြေအနေအရ ယာဉ်အားအသေးစိတ်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများစွာ ဖမ်းစီးရမိရှိခဲ့ကြောင်း သိရသည်။

သက်သေများနှင့်အတူ ယာဉ်မောင်း အေးမင်းပိုင်ရှေ့တွင် ယာဉ်အား အသေးစိတ်ရှာဖွေရာ ယာဉ်မောင်းဘေးတံခါးဘောင်ကြားအတွင်းမှ “37” တံဆိပ်ပါ အဝါရောင်ဖြင့် ၁ ထပ်၊ အကြည်ရောင်တိပ်ဖြင့် ၁ ထပ် မှိုင်းကိုင်စက္ကူဖြင့်ထုပ်ထားသည့် အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်အတွင်း WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၂၀၀)ပြားစီပါ ၁၀ ထုပ်စည်း အထုပ် ၅ ထုပ်၊ (၁၀၀၀၀)ပြားပါ အတောင့်(၆)တောင့်၊ ဆေးပြား (၆၀၀၀၀)ပြား၊ ယာဉ်ရှေ့ခန်းဝဲဘက် တံခါးဘောင် ကြားအတွင်း မှ “37” တံဆိပ်ပါ အဝါရောင်ဖြင့် ၁ ထပ်၊ အကြည်ရောင်တိပ်ဖြင့် ၁ ထပ် မှိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်အတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀) ပြားစီပါ ၁၀ ထုပ်စည်း အထုပ် ၅ ထုပ် (၁၀၀၀၀)ပြားပါ အတောင့်(၈)တောင့်၊ ဆေးပြား (၈၀၀၀၀)ပြား၊ ယာဉ်နောက်ခန်း ယာဘက်တံခါး ဘောင်ကြားအတွင်းမှ 37 တံဆိပ်ပါ အဝါရောင်ဖြင့် ၁ ထပ်၊ အကြည်ရောင်တိပ်ဖြင့် ၁ ထပ် မှိုင်းကိုင်စက္ကူဖြင့်ထုပ်ထားသည့် အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ ၁၀ ထုပ်စည်း အထုပ် ၅ ထုပ် (၁၀၀၀၀)ပြားပါ အတောင့် (၃)တောင့်၊ ဆေးပြား (၃၀၀၀၀)ပြား၊ ယာဉ်နောက်ခန်းဝဲဘက် တံခါးဘောင်ကြား အတွင်းမှ “37” တံဆိပ်ပါ အဝါရောင်ဖြင့် ၁ ထပ်၊ အကြည်ရောင်တိပ်ဖြင့် ၁ ထပ် မှိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်အတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ ၁၀ ထုပ်စည်း အထုပ် ၅ ထုပ် (၁၀၀၀၀)ပြားပါ အတောင့် (၃)တောင့်၊ ဆေးပြား (၃၀၀၀၀)ပြား၊ စုစုပေါင်း အတောင့်(၂၀)တောင့်၊ စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀၀၀၀)ပြား ၊ အလေးချိန်(၁၈)ကီလိုဂရမ်ခန့် (တစ်ပြားလျှင် ဒေသပေါက်ဈေး(၂၀၀၀)ကျပ်ဖြင့် ကာလတန်ဖိုး သိန်း(၄၀၀ဝိ/-)ကျပ်အား သိုဝှက်၍ လည်းကောင်း၊ ယာဉ်ရှေ့ ဝဲဘက်ဒက်ရှ်ဘုတ် အတွင်းမှ U Aye Min Paing အမည်ပါ 7/TANGANA (N)171252, Account 03251103200428701 KBZ Bank ငွေစုစာအုပ်(၁)အုပ်၊ မောင်အေးမင်းပိုင် အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း(၁)ခု၊ အေးမင်းပိုင် အမည်ပါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးထားသည့် “ခ” ယာဉ်မောင်း လိုင်စင်(၁)ခု၊ YGN 6G/2370 TOYOTA PASSO မော်တော်ယာဉ် သက်သေခံကတ်ပြား(၁)ခု၊ ယာဉ်မောင်းထိုင်ခုံဘေး အံခွက်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချရာတွင် ဆက်သွယ်အသုံးပြုသည့် ဖုန်းနံပါတ် 09888751792, 09759043545 ဆင်းကတ်(၂)ခုတပ်ဆင်ထားသော Redmi အမျိုးအစားအနက်ရောင် ဖုန်း (၁)လုံး၊ မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချရာ တွင် ဆက်သွယ်အသုံးပြုသည့် ဖုန်းနံပါတ် 09979042767, 09758700290 ဆင်းကတ်(၂)ခု တပ်ဆင်ထားသည့် INFINIX အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံးတို့ အား လည်းကောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

တရားခံများ၏ထွက်ဆိုချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာနေ လှိုင်ဆွေဦး(ခ)ကိုလှိုင် ထံမှ ငွေကျပ်သိန်း ၆၆၀ ဖြင့် ဝယ်ယူပြီး၊ အမှတ်(၁၆၃)၊ ရာဇာဓိရာဇ်လမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့နေ နိုင်ကိုကိုအောင်(ခ)ကိုနိုင် ထံသို့ အခကြေး ငွေကျပ်သိန်း ၄၀ ဖြင့် ပို့ဆောင်ခိုင်းကြောင်း စစ်ဆေးသိရှိရပြီး အေးမင်းပိုင် သည် ၂၀၁၅ ဖေ ၀၁ ရက်နေ့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅ ပြားဖြင့် ဖမ်းဆီးခံရ၍ မမစ(ဘီးလင်း) မယ(ပ) ၁/၂၀၁၅ မူးစိတ်ပုဒ်မ – ၁၅/၁၉(က)/၂၁ ဖြင့် ခရတ(သထုံ)ရာကြီးအမှုအမှတ် ၅/၂၀၁၅ ဖြင့် ၂၀၁၆ ဖေ ၁၆ ရက်နေ့တွင် ထောင်ဒဏ် ၁၁ နှစ် ကျခံခဲ့ဘူးပြီး ၂၀၂၁ ခုနှစ်တွင် ထောင်မှ လွတ်ငြိမ်း ဖြင့် လွတ်မြောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးများအား အခကြေးငွေဖြင့် ပို့ဆောင်သူ၊ စေခိုင်းသူများအား ဖြစ်ကြသော အေးမင်းပိုင်၊ ၃၃ နှစ်၊ (ဘ)ဦးမင်းနိုင်၊ ကျောင်းသား (ဒုတိယနှစ်၊ GTI၊ တောင်ငူနည်းပညာတက္ကသိုလ်)၊ အိမ်အမှတ်(၂၇၇)၊ သစ္စာလမ်း၊ ၁၉ ရပ်ကွက်၊ တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီး၊ လှိုင်ဆွေဦး(ခ)ကိုလှိုင်(ဖမ်းမမိသေး)၊ ၄၁ နှစ်၊ (ဘ)ဦးမြင့်ဆွေ၊ ဈေးရောင်း၊ ကင်းဆိပ်ကျေးရွာ၊ တောင်ငူမြို့၊ နိုင်ကိုကိုအောင်(ခ)ကိုနိုင်(ဖမ်းမမိသေး)၊ ၄၁ နှစ်၊ (ဘ)ဦးစန်းဝင်း၊ ရောင်း/ဝယ်၊ ဗိုလ်တေဇ(၈)လမ်း၊ မြို့မ(၄)ရပ်ကွက်၊ မုဒုံမြို့(မှတ်ပုံ တင်လိပ်စာ)၊ အမှတ် (၁၆၃)၊ ရာဇာဓိရာဇ်လမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့ (လက်ရှိလိပ်စာ)(မူးယစ်ဆေးဝါးလက်ခံမည့်သူ) အမှုမှတရားခံပြေး လှိုင်ဆွေဦး(ခ)ကိုလှိုင် နှင့် နိုင်ကိုကိုအောင်(ခ)ကိုနိုင် တို့(၂)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN