မြင်းခွာရွက်ရဲ့ ဆေးဘက်ဝင်မှုများ

(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၃

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ မြင်းခွာရွက်ရဲ့ ဆေးဘက်ဝင်မှုများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

     မြင်းခွာရွက်ဆိုတဲ့နေရာမှာ အရွက်ခပ်ဖားဖား ယပ် တောင်လေးလို ပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက် ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာ ဆိုတာလည်း ရှိပါတယ်။

      မြင်းခွာရွက်ကို အာရှဒေသ အတော်များများမှာ ဟင်းလျာအနေနဲ့ စားသုံးကြသလို ရှေးယခင် ကာလတွေကတည်းက တရုတ် တိုင်းရင်းဆေးတွေမှာ အသုံးပြု ကြပါတယ်။

      အရသာက အနည်းငယ် ခါးသက်သက် ရှိပေမယ့် စားလို့တော့ အတော်လေး ကောင်းတဲ့ အရွက် တစ်မျိုးပါ။

     မြင်းခွာရွက်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ မြင်းခွာရွက်မှာ –
• အမျှင်ဓာတ်
• ကယ်လ်ဆီယမ်
• သံဓာတ်
• ပိုတက်ဆီယမ်
• ဗီတာမင် A
• ဗီတာမင် C
• ဗီတာမင် B2 တို့ပါဝင်နေပါတယ်။

မှတ်ဉာဏ် ကောင်းစေတယ်

       မြင်းခွာရွက်က သိမြင်မှု စွမ်းရည်ကို ကောင်းစေသလို မှတ်ဉာဏ် ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ကာလတို မှတ်ဉာဏ်ကို ကောင်းစေပြီး ပူပန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် အာရုံစိုက်နိုင်စွမ်းကို ကောင်းစေပြီး မှတ်ဉာဏ်ကို ကြာကြာရှည်ရှည် မှတ်မိစေသလို သိမြင်နားလည် လွယ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

      မြင်းခွာရွက်မှာပါတဲ့ Asiatic acid က စိုးရိမ်စိတ်ကို ပြေလျော့စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

       မြင်းခွာရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက ဦး နှောက်ထဲက လုပ်ဆောင်မှုတွေကို ဟန်ချက်ညီစေပြီး တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ခံနိုင် ရည်ရှိစေဖို့ ထောက်ကူပေးသလို စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေနိုင်တာပါ။

စိတ်ဓာတ် မကျစေဖို့ ထောက်ကူပေးတယ်

      စိတ်ဓာတ် မကျအောင် ကာကွယ်ဖို့အတွက်လည်း မြင်းခွာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေကို စိတ်ကျတာ သက်သာစေဖို့လည်း မြင်းခွာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

သွေးလည်ပတ်မှု ကောင်းစေတယ်

      မြင်းခွာရွက်က ခန္ဓာကိုယ်က သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နာတာရှည် ခြေထောက်သွေးပြန် ကြောရောဂါ chronic venous insufficiency (CVI) ခံစားနေရသူတွေမှာလည်း သွေးစီးဆင်းမှု ကောင်းအောင် ထောက်ကူပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

      သွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ သွေး ကြောတွေထဲက အဆီအနယ်တွေကို လျော့ပါးစေဖို့ လုပ်ဆောင်ပေးတာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ လေမဖြတ်အောင်လည်း ကာကွယ်ပေးပါတယ်။

အနာကျက်စေနိုင်တယ်

       မြင်းခွာရွက်က သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးတာကြောင့် အနာကျက်စေဖို့လည်း ထောက်ကူပေးပါတယ်။ မြင်းခွာရွက်မှာပါတဲ့ asiaticoside ဆိုတဲ့ ဒြပ်ပေါင်းက ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး ထိခိုက်မိတဲ့နေရာမှာ ဆဲလ်အသစ်တွေနဲ့ သွေးကြောအသစ်တွေ ဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်

       မြင်းခွာရွက်က အနာကြီးရောဂါ ကစလို့ ကင်ဆာအထိ ကာကွယ်ပေးနိုင်ပါတယ်။ မြင်းခွာရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါ မခံစားရစေဖို့ ကာကွယ်ပေးပါတယ်။

       အစာအိမ် အနာဖြစ်တာကို သက်သာစေနိုင်သလို ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အသည်း ကျန်းမာစေသလို အသားအရေကိုလည်း ရောဂါ ကင်းစေပါတယ်။ ကင်ဆာကျိတ်တွေ မပွားအောင်လည်း ထိန်းပေးနိုင်ပါတယ်။

ဆီးကျဉ် ဆီးအောင့် သက်သာစေတယ်

       မြင်းခွာရွက်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဆီးရွှင်စေနိုင်တာကြောင့် ဆီးကျဉ် ဆီးအောင့်တာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
(Crd; Hello ဆရာဝန်)

#PAN