(ပြည်တွင်း)နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့ နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊အ ကွက်(၄၀)ရှိ မန္တလေးဗဟိုအကျဥ်းထောင်၌ အကျဥ်းကျခံနေသူ NLDပါတီမှ ဇာနည်အောင်(မန္တလေးတိုင်းဒေသကြီး၊လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း)အား ကင်ဆာရောဂါကုသနိုင်ရန် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့နံနက်၁၀ နာရီ အချိန်ခန့်က မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် တရားရုံး၏ ရာကြီးမှုအမှတ်၊၁၁၊၁၂/၂၀၂၁၊အဂတိ-၅၅ ပါ ၂မှု၊အောင်မြေသာစံမြို့နယ်တရား ရုံး၏ ရာကြီးမှုအမှတ်၊၁၂၇/ ၂၀၂၁၊သဘာဝဘေး အန္တရာယ် – ၃၀(က)/၂၅ တို့အရ ထောင်ဒဏ် – ၈ နှစ် ကျခံလျက်ရှိသော အကျဉ်းသား ဇာနည်အောင် (မန္တလေးတိုင်းဒေသကြီး၊လျှပ်စစ်၊စွမ်းအင်နှင့်ဆောက် လုပ်ရေးဝန်ကြီးဟောင်း)၊၆၀နှစ်၊(ဘ) ဦးတင်အောင်၊၆၄လမ်း၊၂၈×၂၉ လမ်းကြား၊ပြည်ကြီးမျက် မှန်ရပ်ကွက်၊ချမ်းအေးသာစံမြို့နယ်နေသူသည် ကင်ဆာရောဂါ ဆေးကုသမှုခံယူရန် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းနောက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ဆေးရုံကြီး ကင်ဆာဌာနသို ပို့ဆောင်၍ အကျဉ်းသား၏ မျက်နှာ(အရေပြား)ကင်ဆာရောဂါအား ပြသခဲ့ရာ တာဝန်ကျ ဆရာဝန်မှ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အကျဉ်းသားအား မန္တလေးဗဟိုအကျဥ်းထောင်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN