(နိုင်ငံတကာ) နိုဝင်ဘာ ၁
YouTube မှာ ထုတ်လွှင့်နေတဲ့ ရုရှားနိုင်ငံပိုင် မီဒီယာ ၁၇ ခုကို ပိတ်ဆိုခဲမှုအတွက် Google ကို ဒဏ်ကြေးငွေ ဒေါ်လာ 20,000,000,000,000,000, 000,000,000, 000,000,000 အထိ ပေးဆောင်ရမယ်လို ရုရှားတရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ငွေကြေးပမာဟာ ဒေါ်လာ ၂၀ ထရီလီယံဖြစ်ပြီး ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်ကုန်တခုလုံးထက်တောင် ပိုများတဲ့ ငွေကြေးပမာဏဖြစ်ကြောင်းလဲ သိရပါတယ်။
Google ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယံသာရှိပြီး ရုရှားက အဲဒီရဲ့ ၁၀ ဆအထိ ဒဏ်ကြေးပေးဆောင်ဖို့အတွက် လုပ်ခဲ့တာပြီး၊ တကယ်လို့ ပေးဆောင်ခြင်းမရှိရင် ပြစ်ဒဏ်က တိုးမြင့်လာမယ်လို့ TASS က ဖော်ပြခဲ့ပြီး ၉ လအတွင်း တရားရုံးဆုံးဖြတ်ချက်ကို အတည်မပြုခဲ့ရင် တရက်ကို ဒေါ်လာ ၁၀၂၅ အထိ ဒဏ်ကြေးပေးဆောင်ရ မှာဖြစ်ပြီး အပတ်စဉ် ၂ ဆတိုးသွားမယ်လို့လည်း ဆိုထားပါတယ်။
Telegram»…
https://t.me/positiveanglenews