အမေရိကန် က တောင်ကိုရီးယားသို့ နျူကလီး ယားလက်နက်များ ထောက်ပံ့ပေးရန် အသင့်ရှိဟု ပြော

(နိုင်ငံတကာ) နိုဝင်ဘာ ၁

     အမေရိကန်က တောင်ကိုရီးယားနိုင်ငံသို့ နျူက လီးယား လက်နက်များ ထောက်ပံ့ပေးရန်အသင့်ရှိကြောင်း ကာကွယ် ရေးဝန်ကြီး လွိုက်အော်စတင် က အောက်တို ဘာလ ၃၁ ရက်တွင် ပြောသည်။

     ထို့အတူ နျူကလီးယား မဟုတ်သော လက်နက်များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည့်အပြင် တောင်ကိုရီးယားနိုင်ငံနှင့် ကာကွယ် ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အကြီးစားစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်မှုတို့ကို တိုးမြှင့်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း လွိုက်အော်စတင် က တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

      ဒေသတွင်း၌ တင်းမာမှုမြင့်တက်စေသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု များသည် မြောက်ကိုရီးယားနိုင်ငံကို ကျူးကျော်ရန် လေ့ကျင့်နေခြင်းသာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုမြင် ထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN