(နိုင်ငံတကာ) နိုဝင်ဘာ ၁
မြောက်ကိုရီးယားနိုင်ငံက ဒေသတွင်းရှိ ရန်ဘက်များကို သတိပေးသည့်အနေဖြင့် အောက်တိုဘာလ ၃၁ ရက်တွင် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။ ထိုသို့ စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အမိန့်အရ လုပ်ဆောင်ခြင်းဖြစ်ပြီး အလွန်အရေးပါသောဆောင်ရွက်ချက်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
မြောက်ကိုရီးယားတာဝန် ရှိသူများက ယခုပစ်လွှတ်သော တိုက်ချင်းပစ် ဒုံးကျည်နှင့်ပတ် သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြော ထားခြင်း မရှိသော်လည်း ယခု ကဲ့သို့ ပစ်လွှတ်မှုက ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည် အမြင့်ဆုံးသောမဟာဗျူဟာမြောက်ဟန့်တားမှုကို ဖော်ကျူး ပြသနေခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တစ်ချိန်တည်းမှာပင် အဆိုပါ ဒုံးကျည်စမ်း သပ်ပစ်လွှတ်မှုသည် ပြိုင်ဘက်ရန်သူများကို သတိပေးနိုင်စေရေး အတွက် အထိရောက်ဆုံးသော လုပ်ဆောင် ချက်ဖြစ်ပြီး ထိုပြိုင်ဘက်ရန်သူများသည် ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေရန် နိုင်ငံအပေါ်ခြိမ်း ခြောက်မှုများ မကြာခဏ လုပ်ဆောင်နေကြောင်း ကင်ဂျုံအွန်က ပြောထားသည်။
တောင်ကိုရီးယားနှင့်ဂျပန် တာဝန်ရှိသူများ၏ ပြောဆိုချက်အရ အဆိုပါ ဒုံးကျည်၏ပျံသန်းချိန်မှာ ၈၇ မိနစ် အထိ ရှိကြောင်း၊ အမြင့်မိတာ ၇,၀၀၀ အထက် အထိ တက်သွားပြီး အလျား လိုက်အနေဖြင့် ကီလိုမီတာ ၁,၀၀၀ အထိ ပျံသန်းကာ အရှေ့ပင်လယ်အတွင်းသို့ ကျရောက်သွား ကြောင်း၊ ယခင်စမ်းသပ်ပစ်ခတ်မှုတွင် ဒုံးကျည်ပျံသန်းချိန် ၇၃ မိနစ်သာ ကြာသောကြောင့် ယခုစမ်းသပ်မှုမှာ အဝေးဆုံးသို့ ရောက်ရှိသော တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုဖြစ်လာပြီဖြစ်ကြောင်း ပြောထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
#PAN