(နိုင်ငံတကာ) နိုဝင်ဘာ ၁
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်သစ် အစီအစဉ်ကို တုံပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဟာ အခဲ-လောင်စာဆီ ဒုံးကျည်တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ တင်ပို့မှုကို ထိန်းချုပ်လိုက်တယ်လို့ ကြေညာသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပို့ကုန်တွေထဲမှာ မြောက်ကိုရီးယားတို့ ကိုယ်တိုင်ထုတ်လုပ်ဖို့ခက်ခဲတဲ့ ပစ္စည်း ၁၅ မျိုး ပါဝင်တယ်လို့သိရပြီး နိုင်ငံတကာပို့ကုန် ထိန်းချုပ်မှုကို အားဖြည့်တာက ပိတ်ဆို့အရေးယူမှုကို ပိုမိုအားကောင်းစေမယ်လို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။
Telegram»…
https://t.me/positiveanglenews