(ပြည်တွင်း) အောက်တိုဘာ ၃၀
လာမယ့်နှစ် ဇန်နဝါရီလမှစတင်ကာ Online Sale မှတ်ပုံတင်လက်မှတ်များကို လျှောက်ထားလာသော အချက်အလက်များကို မြေပြင်စစ်ဆေးပြီးမှသာလျှင် Online Sale မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက Online အသုံးပြုရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိနေပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်ကစတင်ကာ e-Commerce Registration System ကို စတင်အကောင်အထည်ဖော်၍ Online Sale မှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိနေခြင်း ဖြစ်ပါတယ်။
Online Sale Registration Certificate က ပြည်တွင်းအသေးစားစီးပွားရေးလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်ရာမှာ စနစ်တကျရှိစေရန် ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် မှတ်ပုံတင်ရာမှာ ကုမ္ပဏီဖြစ်ပြီး MSMEs ကတ် တင်ပြပါက မှတ်ပုံတင်ကြေး ၅၀,၀၀၀ ကျပ်သာ ပေးသွင်းရမှာဖြစ်ပြီး MSMEs ကတ် မပါရှိပါက ၇၀,၀၀၀ ကျပ်နှင့် တစ်ဦးချင်းအနေနဲ့ လျှောက်ထားလိုပါက ၃၀,၀၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။
လက်ရှိမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ Online Sale မှတ်ပုံတင်လက်မှတ် ခန့်မှန်း ၈,၈၉၁ ခန့် ထုတ်ပေးထားပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများမှာ ဆက်လက်ထုတ်ပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ e-Com Reg စနစ်မှာ လျှောက်ထားလာတဲ့ အချက်အလက် များကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စစ်ဆေးပြီးမှသာလျှင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Online Sale မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးမှာ ဖြစ်ပါတယ်။
အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းများကို အရေးကြီးဝန်ဆောငိမှုလုပ်ငန်းအဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဥပဒေပုဒ်မ (၄) ၊ ပုဒ်မခွဲ (ဂ) အရ ထုတ်ပြန်သတ်မှတ် ထားခဲ့ခြင်းဖြစ်ပါတယ်။
ထုတ်ပြန်ထားသော အမိန့်စာအရ ယင်းအမိန့်စာ ခြောက်လပြည့်တဲ့ အချိန်မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားပြီး ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews