ရန်ကုန်မြို့ပတ်ရထားများအား စပိန်နိုင်ငံထုတ် DEMU တွဲဆိုင်းသစ်များနဲ့ ပြောင်းလဲပြေးဆွဲမည်

(ပြည်တွင်း)အောက်တိုဘာ ၃၁

     ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တွင် လက်ရှိပြေးဆွဲဝန်ဆောင်မှုပေးနေတဲ့ RBE တွဲဆိုင်းများနှင့် ဂျပန်ရထားတွဲဆိုင်းများအစား စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU)တွဲဆိုင်းသစ်များဖြင့် လာမယ့် နိုဝင်ဘာလအတွင်း ပြောင်းလဲပြေးဆွဲနိုင်ဖို့ စီစဉ်ထားတယ်လို့ မြန်မာ့မီးရထား၊ တိုင်း(၇) ရန်ကုန် မှ သိရပါတယ်။

      အဆိုပါ DEMU တွဲဆိုင်းအသစ်များပြေးဆွဲနိုင်ဖို့အတွက် ဝယ်ယူထားပြီး တွဲဆိုင်း ၁၁ ဆိုင်းအနက် တွဲဆိုင်း ၉ ဆိုင်း ရောက်ရှိနေပြီဖြစ်၍ မောင်းနှင်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာ့မီးရထား၊ တိုင်း (၇) ရန်ကုန်မှ သိရပါတယ်။

      လက်ရှိမှာ လမ်းပိုင်းများအဆင့်မြှင့်တင်ခြင်း၊ ရထားနှင့်ကားလမ်းကူးဂိတ်များတွင် အချက်ပြစနစ်များ တပ်ဆင်ခြင်း၊ ဘူတာများ အသစ်ပြန်လည်တည် ဆောက်ခြင်း၊ ခရီးသည်များ အတက်အဆင်း အဆင် ပြေစေရန် ဘူတာ ပလက်ဖောင်း မြှင့်တင်ခြင်းတို့ကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

      ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ရန်ကုန်မြို့ပတ်မီးရထားမှာ တွဲဆိုင်း ၂၅ ဆိုင်းနဲ့ ဘူတာပေါင်း ၅၅ ဘူတာကို နေ့စဉ် ပြေးဆွဲဝန် ဆောင်မှုပေးနေပြီး အောက်တိုဘာလ ၂၀ ရက်မှ စတင်ကာ ဒီဇယ်ဈေးမြင့်တက် လာမှုကြောင့် လက်မှတ်ခနှုန်းထားများကို သုညမိုင်မှ မိုင် ၂ဝ ခရီးအတွက် ယခင် ၂ဝဝ ကျပ်အစား ၄ဝဝ ကျပ်၊ မိုင် ၂ဝ နှင့်အထက် မြို့တစ်ပတ်ခရီးအတွက် ယခင် ၃ဝဝ ကျပ်အစား ၈ဝဝ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ထားပါတယ်။

#PAN