“မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိရောဂါဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးမည်


(ကျန်းမာရေး) အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိရောဂါ နှင့် အတွင်းတိမ်ရောဂါစတဲ့ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်သွားပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါအစီအစဉ် ဖော်ဆောင်ရာတွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ မျက်စိရောဂါနှင့် အတွင်းတိမ်ရောဂါ ဝေဒနာရှင် များကို ရှာဖွေဖော်ထုတ်ပြီး လူနာရှင်များကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကနဦး စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

ကုသစစ်ဆေးပေးရာမှာ ရန်ကုန်အရှေ့ပိုင်းဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ သန်လျင်နှင့် လှိုင်သာယာတို့မှ မျက်စိ အထူးကုဆရာဝန်ကြီးများက ထပ်ဆင့်စစ်ဆေးပြီး ခွဲစိတ်ကုသရန် လိုအပ်တဲ့ လူနာများကိုတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်ရှိ အမျိုးသမီးဆေးရုံတွင် အလှည့်ကျစနစ်ဖြင့် တစ်ရက်လျှင် လူနာအယောက် ၃၀ ကို အခမဲ့ ခွဲစိတ်ကုသပေးမှာ ဖြစ်ပါတယ်။

လက်ရှိတွင်”မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိရောဂါနှင့် အတွင်းတိမ်ရောဂါဝေဒနာရှင် များကို ရှာဖွေဖော်ထုတ်ပြီး အခမဲ့ခွဲစိတ်ကုသပေးနိုင်ရန် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ မျက်စိရောဂါဝေဒနာရှင်များကို လိုက်လံစာရင်းကောက်ယူနေ ပြီဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN