(ပြည်တွင်း) အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ (ဇ)ရပ်ကွက်၊ ၅၆×၁၃၃ လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိရကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီကျော်အချိန်ခန့်က (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အကူဝန်ထမ်းသည် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းရေးဆောင်ရွက်စဉ် ရပ်ကွက်ရုံးအဆောက်အဦး၏ အနောက်ဘက် ၁ ပေခန့်အကွာတွင် လက်ပစ်ဗုံး ၁ လုံး တွေ့ရှိကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများထံအကြောင်းကြားခဲ့ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ပြီး မပေါက်ကွဲသေးသော MG-1 လက်ပစ်ဗုံး ၁ လုံးဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ပစ်ဗုံးအား စအရ(၉၁၀)မှ မိုင်းရှင်းလင်းရေးအဖွဲ့ ရောက်ရှိစစ်ဆေးခဲ့ရာ ၎င်းလက်ပစ်ဗုံးမှာ အန္တရယ် မရှိသဖြင့် စအရ(၉၁၀)သို့ သိမ်းဆည်းယူဆောင် သွားကြောင်း သိရှသည်။
ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်ကလည်း ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက် PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါဝင် အနီးဝန်းကျင်ရှိ အရပ်သားပြည်သူ ၃ ဦးမိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews