(ပြည်တွင်း) အောက်တိုဘာ ၃၁
အင်ဒိုနီးရှားနိုင်ငံ၊ Maluku ကျွန်းဒေသမှာ တံတားတစင်း ရုတ်တရက်ကျိုးကျခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲအတွက် မိန့်ခွန်းပြောဖို့ လူစုလူဝေး စုရုံးနေချိန်မှာ တံတားပြိုကျခဲ့ဖြစ်ပြီး၊ အဆိုပါ တတံတား ကျိုးကျမှုကြောင့် အနည်းဆုံး ၇ ဦးသေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒေသခံ နိုင်ငံရေးသမား တစ်ဦးကိုကြိုဆိုဖို့အတွက် လူပေါင်းရာနဲ့ချီကာ တံတားဟောင်းအနီးသို့ ရောက်ရှိခဲ့ပြီနောက်မှာ ရုတ်တရက်ကျိုးကျခဲ့တာလို့ Jakarta Globe က ဖြေဆိုထားကြောင်း RT သတင်းမှာ ဖေါ်ပြထားပါတယ်။
Telegram»…
https://t.me/positiveanglenews