(ပြည်တွင်း) အောက်တိုဘာ ၃၀
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် “နိုင်ငံတော်အသိအမှတ်ပြုစနစ် တည်ဆောက်မှုမြှင့်တင်ခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လန်ချန်း-မဲခေါင်စီမံကိန်းဖြစ်သည့် အဆိုပါသင်တန်းကို မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်လျက်ရှိပြီး ၎င်းတို့အနက် ၁၅ ဦးကို လက်တွေ့လေ့လာမှုများ ပြုလုပ်နိုင်ရန် တရုတ်နိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် လန်ချန်း-မဲခေါင် မိတ်ဖက်နိုင်ငံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ခြင်းနှင့် လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများ ကို ပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲသို့တက်ရောက်လာသည့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း ကလည်း သတင်းမှရရှိတဲ့အခွင့်အရေးများကို အသုံးချကာ အဖွဲ့အစည်း စွမ်းရည်မြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews