နိုင်ငံတကာဆက်ဆံရေး ပညာရပ် (DIR)ဒီပလိုမာ သင်တန်းဖွင့်လှစ်မည်


(ပြည်တွင်း) အောက်တိုဘာ ၃၁

နိုင်ငံတကာဆက်ဆံရေး ပညာရပ်ကို အချိန်ပိုင်းသင်ကြားလိုသူများအတွက် YUFL မှ Diploma in International Relations (DIR)ဒီပလိုမာသင်တန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တက်ရောက်ရပါမည်ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းတက်ရောက်လိုသူများအနေနဲ့ နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး YUFL ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာပုံစံကို ထုတ်ယူ၍ နိုဝင်ဘာလ ၁၃ ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

သင်တန်းဝင်ခွင့်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲအောင်မှသာ သင်တန်းကြေးပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ရေးဖြေ စာမေးပွဲဖြေဆို ရမည့်ရက်မှာ နိုဝင်ဘာလ ၁၈ ရက်ဖြစ်ပြီး အောင်စာရင်းကိုတော့ နိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန် ကြေညာပေးမှာဖြစ်ပါတယ်။

သင်တန်းကို တစ်ပတ် ၅ ရက်၊ တနင်္လာနေ့မှ သောကြောနေ့၊ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမှာ ဖြစ်ပြီး၊ ဒါ့အပြင် Semester ၂ ခု ရှိမှာဖြစ်ပြီး Semester ၁ ခုကို ၁၆ ပတ် ကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းကြေး အနေနဲ့ Semester ၂ ခုပေါင်းကို မြန်မာငွေ နှစ်သိန်းကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။ အဆိုပါသင်တန်းသို့ သင်ကြားတက်ရောက်လိုသူများအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး နိုင်ငံတော်က အသိအမှတ်ပြုတဲ့ ဘွဲ့တစ်ခုရရှိပြီးသူဖြစ်ရပါမည်။

ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဓာတ်ပုံ ၃ ပုံတို့ကို လိုအပ်ပါတယ်။ ဒါ့အပြင် လျှောက်ထားသူ သင်တန်းသားဦးရေ ၂၀ ဦးထက်လျော့နည်းပါက သင်တန်းဖွင့်လှစ်မည် မဟုတ်ကြောင်း သိရပြီး သင်တန်းနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ဖုန်း ၀၁-၇၅၁၃၁၉၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN