(အားကစား) အောက်တိုဘာ ၃၀
မန်စီးတီးအသင်းက အသင်းရဲ့အဓိကနောက်ခံကစားသမား ဂျီဗာဒီအော ကို ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ် ဆိုရန် စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ဂျီဗာဒီအော က ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ တာဖြစ်ပြီး အသင်းရဲ့မှာ ခြေစွမ်းပြသနိုင်ခဲ့သလို အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ ပါတယ်။
ဂျီဗာဒီအော ဟာ မန်စီးတီးအသင်းမှာ နောက်ခံအတွင်းလူနေရာကို ကစားခွင့်မရဘဲ ဘယ်နောက်ခံလူအဖြစ် အသုံးပြုခံနေရပေမယ့် အသင်းအတွက် အရေးပါတဲ့ဂိုးများစွာကို သွင်းယူပေးနေသူလည်း ဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဂျီဗာဒီအော အတွက် တစ်ပတ်ပေါင် ၁၅၀,၀၀၀ အထိ လစာတိုးမြှင့်ကာ ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews