အစ္စရေး၏ ဂါဇာမြောက်ပိုင်းတိုက်ခိုက်မှုကို ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုဟု အမေရိကန်ပြော


(နိုင်ငံတကာ) အောက်တိုဘာ ၃၀

ဂါဇာမြောက်ပိုင်း Beit Lahia ဒေသရှိ အရပ်သားများနေထိုင်သည့် ငါးထပ်အဆောက်အအုံတစ်ခုအား အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကို ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုဟု အမေရိကန်က ဆိုသည်။

“အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့အတွက် ထိန့်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ အလွန်စိုးရိမ်မိပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် လူပေါင်း ၉၇ ဦးထိ သေဆုံးမှုမြင့်တက်လာခဲ့ပြီး ကလေးငယ် နှစ်ဒါဇင်ခန့်သေဆုံးကြောင်း အစီအရင်ခံစာများအရသိရသည်။

အမေရိကန်သည် အလွန်စိုးရိမ်ကြောင်း ပြောဆိုခဲ့သော်လည်း အစ္စရေးစစ်တပ်အား လက်နက်ခဲယမ်းများ စစ်ရေးအထောက်အကူများ ဆက်လက်ထောက်ပံ့နေဆဲဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး ထောင်ပေါင်းများစွာသော အရပ်သားများသည် ဆိုးရွားသည့် ကျန်းမာရေးနှင့် စားရေရိက္ခာ အခက်အခဲများနှင့်ကြုံတွေ့နေရသည်။

Telegram»…
https://t.me/positiveanglenews

PAN