ရုရှားနူကလီးယားတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စတင်နေပြီလို့ ပူတင်က ပြောဆို


(နိုင်ငံတကာ) အောက်တိုဘာ ၃၀

လက်တုံပြန်တိုက်ခိုက်မှုတွေ ပါဝင်တဲ့ ရုရှားနူကလီးယားတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စတင်နေပြီလို့ ပူတင်က ပြောဆိုလိုက်ပါတယ်။

မနေ့က စတင်ခဲ့တာဖြစ်ပြီး အကြီးအကျယ်လေ့ကျင့်မှုတခုလို ဆိုကာ အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ နူကလီးယားတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်လိုက်တာပါ။

စစ်တပ်ခေါင်းဆောင်တွေနဲ့ ဗီဒီယိုကောလ်ကတဆင့် ပူတင်က တွေ့ဆုံကာ ညွှန်ကြားချက်တွေ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး Belousov က ဒီလေ့ကျင့်မှုဟာ ရန်သူတွေရဲ့ နူကလီးယားတိုက်ခိုက်မှုကို တုံပြန်ဖို့အတွက် ရည်ရွယ်ပြီး မဟာဗျူဟမြောက် ထိုးစစ်ဆင်ဖို့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN