(အားကစား) အောက်တိုဘာ ၃၀
တိုက်စစ်မှူး စီရော်နယ်ဒို က ဂျူဗင်တပ်စ်အသင်းနဲ့အနာဂတ် မရေမရာဖြစ်နေတဲ့ မန်ယူအသင်းဖော်ဟောင်း ပေါ့ဂ်ဘာ ကို အယ်နာဆာအသင်းထံ ပြောင်းရွှေ့လာရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တားမြစ်ဆေးသုံးစွဲခဲ့တဲ့အတွက် လေးနှစ် ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း အယူခံဝင်ရောက်ရာတွင် ၁၈ ပွဲပယ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲခံခဲ့ရပါတယ်။
အဆိုပါပြစ်ဒဏ်ကြောင့် ပေါ့ဂ်ဘာ အနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှသာ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက် နိုင်မှာ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာ က ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိပါက ဂျူဗင်တပ်စ်အသင်းမှာ ဆက်လက်ကစားလိုခြင်း မရှိတာကြောင့် အသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲရန်ကြိုးပမ်းနေပြီး လမ်းခွဲခဲ့ပါက လာမည့်ဇန်နဝါရီလ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကစားလိုသည့်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။
စီရော်နယ်ဒို က အယ်နာဆာအသင်းထံ ပြောင်းရွှေ့လာရန် အသင်းဖော်ဟောင်း ပေါ့ဂ်ဘာ ကို ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews