(နိုင်ငံတကာ) အောက်တိုဘာ ၃၀
ဖိလစ်ပိုင်ပင်လယ်၌ ဖြစ်ပေါ်လာသော အပူပိုင်းမုန်တိုင်း “ကောင်းရေး” တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာကာ ထိုင်ဝမ်ကျွန်းသို့ ဦးတည်လျက်ရှိသည်။
ထိုသို့ဦးတည်နေစဉ် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မုန်တိုင်း ၏အဖျားခတ်မှုကို ရင်ဆိုင်ခဲ့ရသည်။ ဖိလစ်ပိုင်ဒေသအခေါ် လီယွန် ဟု ခေါ်သည့် မုန်တိုင်း ကောင်းရေးကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၃၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်လျက်ရှိသည်ဟု ဖိလစ်ပိုင်မိုးလေဝသဌာန က အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုမုန်တိုင်းသည် မုန်တိုင်းထရမ်မီတိုက်ခိုက်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လူဇွန်ကျွန်းကို အဖျားခတ်ခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း မိုးရေချိန် ၈ လက်မ အထိ ရွာသွန်းနိုင်သည်။
ထို့နောက် မုန်တိုင်း ‘ကောင်းရေး’ သည် အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းအဖြစ် ထိုင်ဝမ်ကျွန်း အရှေ့တောင်ပိုင်းမှနေ၍ အောက်တိုဘာလ ၃၁ ရက်တွင် ကုန်းတွင်းပိုင်းသို့ ဝင်မည်ဖြစ်သည်။
မုန်တိုင်းက ထိုင်ဝမ် ကျွန်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီး တရုတ်နိုင်ငံတောင်ပိုင်းသို့ ဆက်လက်ဦးတည်သွားမည်ဖြစ်ကာ သီတင်းပတ် အကုန်ပိုင်းတွင် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်မည်ဖြစ်သည်။
ထို့နောက် မုန်တိုင်းသည် ဂျပန်နိုင်ငံ တောင်ပိုင်း သို့ ဆက်လက်ဦးတည်သွားမည် ဖြစ်ကြောင်း BP သတင်းဌာနမှ သိရသည်။
Telegram»…
https://t.me/positiveanglenews