(ပြည်တွင်း) အောက်တိုဘာ ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ တက္ကသိုလ်များရဲ့ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို နိုဝင်ဘာလ ၂၁ ရက်မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University များရဲ့ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများအားလုံးကို တစ်ပြိုင်ထဲ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် တက်ရောက်ပညာသင်ကြားမယ့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ နိုဝင်ဘာလ ၁၄ ရက်မှ စတင်ကာ ကျောင်းအပ်နှံနိုင်ကြောင်း အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနက အသိပေးထားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews