2024 Ballon d’Or ဆု ရရှိခဲ့တဲ့ ရိုဒရီ


(အားကစား) အောက်တိုဘာ ၂၉

2024 Ballon d’Or ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အောက်တိုဘာလ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးကစားသမားဆု Ballon d’Or ကို မန်စီးတီးအသင်းနှင့် စပိန်ကွင်းလယ် ကစားသမား ရိုဒရီ၊ အကောင်းဆုံးအမျိုးသမီးကစားသမား ဆုကို ဘာစီလိုနာနှင့် စပိန်ကွင်းလယ် ကစားသမား ဘွန်မာတီ၊ အကောင်းဆုံးအမျိုးသားနည်းပြဆုကို ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ နှင့် အကောင်းဆုံးအမျိုးသမီး နည်းပြဆုကို အမေရိကန်အမျိုးသမီးအသင်းကို အိုလံပစ်ရွှေတံဆိပ်ဆုရယူပေးခဲ့တဲ့ အမ်မာဟေးစ် တို့က ရရှိခဲ့ပါတယ်။

2024 Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးဂိုးသမားဆု Yashin Trophy ကို အက်စတွန် ဗီလာနှင့် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် ရရှိခဲ့သလို အကောင်းဆုံးတိုက်စစ်မှူးဆု Gerd Muller Trophy ကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းနှင့် ရီးရဲလ်အသင်း တိုက်စစ်မှူး အမ်ဘာပေ တို့ ပူးတွဲရရှိခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသား ကလပ်အသင်းဆုကို ရီးရဲလ်မက်ဒရစ်အသင်းနှင့် အကောင်းဆုံးအမျိုးသမီး ကလပ်အသင်း ဆုကို ဘာစီလိုနာအမျိုးသမီး အသင်းတို့က ရရှိခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆု Kopa Trophy ကို ဘာစီ လိုနာနှင့် စပိန်တိုက်စစ်ကစားသမား ယာမယ် တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN