အီရန်က နျူကလီးယားမူဝါဒကို ပြန်လည်သုံးသပ်ရန် အစီအစဉ်မရှိဟု ဆို


(နိုင်ငံတကာ) အောက်တိုဘာ ၂၉

အစ္စရေးက အီရန်ကို တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် နိုင်ငံ၏နျူကလီးယားမူဝါဒကို ပြန်လည် သုံးသပ်ရန် အစီအစဉ်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘာဂါအီ က အောက်တိုဘာလ ၂၈ ရက်တွင် ပြောသည်။

အီရန်က အစ္စရေးကို အောက်တိုဘာလ ၁ ရက်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ပြီးနောက် အစ္စရေးက ပြီးခဲ့သည့် သီတင်းပတ်တွင် အီရန်ကို လက်တုံ့ပြန် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို တိုက်ခိုက်မှုကို အကန့်အသတ်ဖြင့် လုပ်ဆောင်သော တိုက်ခိုက်မှုဟု အစ္စရေးက ပြောသည်။

ထို့နောက် အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များနှင့်ပတ်သက်၍ ရပ်တည်ချက်များအပေါ် ပြောင်းလဲမှု မရှိကြောင်း၊ နျူကလီးယားကို စစ်လက်နက်အဖြစ် အသက်သွင်းရန် လုပ်ဆောင်သွားမည် မဟုတ် ကြောင်းနှင့် နိုင်ငံ၏ရပ်တည်ချက်သည် ယခင်ပြဋ္ဌာန်းထားသည့်အတိုင်းပင် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN